part 37

576 88 4
                                    

မနက်ခင်း ရှုရွယ်အပြင်ထွက်လာချိန်တွင်တော့ ရောင်ကိုင်းနေသောပါးမှာ မဖုံးနိုင်မဖိနိုင်တော့ပေ။ မျက်နှာတွင်ဆိုတော့လည်း ဖုံးဖိ၍ကမရပြန်။ အား...သူအဲဒီ ရှန်ကျင်းလုံဆိုတဲ့လူကိုမုန်းလိုက်တာ။

ရှိုးယွမ်မှာလည်း ရှုရွယ်၏ပါးကိုမြင်သော် ရုတ်တရက်အံသြသွားရတော့သည်။ သူတို့တွေ ညစာစားနေတုန်းကတောင် ဒီကောင်လေးကပုံမှန်ပါပဲ။ ဒီညအတွင်းမှာ သူမသိတာတစ်ခုခုဖြစ်သွားသေးတာလား။

"မင်းပါးကဘာဖြစ်တာလဲ "

ရှုရွယ်ဘာပြန်ဖြေရမှန်းမသိတော့ပေ။ သူ ရှိုးယွမ်ကိုမလုံမလဲကြည့်လိုက်မိပြီး တွန့်ဆုတ်စွာဖြင့်သာ ပြောပြရန်ငြင်းဆိုလိုက်တော့သည်။

"ဒီ ဒီတိုင်းပဲ ဘာမှမဟုတ်ဘူး"

ရောင်နေတဲ့ပါးက ရှုရွယ်အသံကိုပါ ပုံမုန်မဟုတ်တော့အောင်ပြုလုပ်နိုင်စွမ်းရှိကြောင်း ရှုရွယ်မှာစကားပြောတော့မှာသာ သိလိုက်ရသည်။ ဒါက ဘာအသံတုန်း။ ဆောင်းခိုနေတဲ့ဝက်ဝံတစ်ကောင်ရဲ့အသံလား။ သူဘာလို့ ရှိူးယွမ်ရဲ့ရှေ့ရောက်တိုင်း ရှက်စရာအခြေနေတွေနဲ့ချည်းကြုံနေတာလဲ။

ရှိူးယွမ်က အနည်းငယ်ထဲစိတ်ထဲမသက်မသာဖြစ်သွားပေမယ့်လည်း ရှုရွယ်ကပြောမပြချင်ကြောင်း တွေ့ရသည့်အခါအတင်းမေးမနေတော့ပေ။ ထိုအစား အနှီကောင်လေးကို အခန်းထဲသာဆွဲခေါ်သွားတော့သည်။

"ဒီကိုလာခဲ့ ကိုယ်ကြည့်ပေးမယ်"

အခန်းထဲရောက်တော့ ရှုရွယ်အားထိုင်ခိုင်းလိုက်ပြီး နီညိုရောင်သမ်းကာဖောင်းတတ်နေသောပါးကို မဝံ့မရဲကိုင်ကြည့်မိလိုက်၏။

"အာ့!"

ရှိုးယွမ်မှာလက်ကိုအလျှင်မြန်ပြန်ဆုတ်လိုက်မိပါ၏။ သူက ဒီထက်အခြေနေဆိုးရွားသည့်ဒဏ်ရာပေါင်းများစွာကို ကိုင်တွယ်ဖူးပါသော်လည်း ရှုရွယ်အော်သံကြားချိန်မှာတော့ သူ့ကြောင့်နာကျင်သွားမှာစိုးရိမ်မိသွားသည်။
နောက်တော့ သူက ဆေးလိမ်းပေးတာတောင် လုံးဝမထိရက်မကိုင်ဖြစ်နေပြီး အချိန်များစွာယူလိုက်ရတော့၏။

ထိုဆေးလိမ်းပေးစဥ်တွင် နှစ်ဦးသားမှာအလွန်ကိုနီးကပ်နေခဲ့သည်။ ရှုရွယ်မှာ တစ်ဖက်လူ၏ယောင်္ကျားပြီသသောရုပ်ရည်အားအနီးကပ်အသေးစိတ်မြင်နေရပါ၏။ သူက ရှိုးယွမ်၏ နဖူးစပ်ကဆံသားများမှစသည် တိတိပပထောင့်ကျနေသော ပါးရိုးများထိတဆုံးလိုက်ကြည့်နေမိသည်။ သူမြင်နေရသည့်အနေထားမှာ နီးကပ်လွန်း၍ တစ်ဖက်လူ၏ ဝင်သက်ထွက်သက်ခပ်နွေးနွေးကိုပါ ခံစားလို့ရနေခဲ့၏။ ရုတ်တရက် သူ၏ငယ်ရွယ်သေးသောနှလုံးအိမ်မှာ ရုတ်တရက်လှုပ်ရှားသွားသည့်နှယ် ခံစားလိုက်ရတော့သည်။

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးOnde histórias criam vida. Descubra agora