သခင်လေးယွမ်နောက်ကို လိုက်ချင်တယ်??
မင်းလာနောက်နေတာများလား။
လောင်ချန်၏မျက်နှာသည်မပုတ်သိုးပဲမနေတော့ချေ။ သူသည်ဒီလူငယ်၏ ယဥ်ကျေးသည်လိုလို ရိုင်းစိုင်းသည်လိုလို အပြုမူတွေအားစိတ်မကွက်ခဲ့ပေမယ့် အခုလိုသူတစ်ပါးပျော့ကွက်အားအခွင့်ရေးယူသည်ကိုတော့ အနည်းငယ်စိတ်ကွက်မိသည်။
အနှီကောင်လေး၏မျက်ဝန်းများသည် စူးရှလွန်းပြီး အကြည့်များကအရိုင်းဆန်သည်။ လောင်ချန်မှာ စိတ်အနည်းငယ်တိုသော်လည်း သူနှင့်အကြည့်ချင်းပြိုင်မကြည့်ချင်ပါပေ။
လောင်ချန်မှာ အတော်ကြာတဲ့ထိတွေးနေပြီးမ ရူရွယ်မေးခွန်းအားပြန်မဖြေပဲ မေးလိုက်သည်။"တကယ်လို့ ငါကလုပ်မပေးနိုင်ဘူးဆိုရင် မင်းကဘာလုပ်မလို့တုန်း"
ရူရွယ်အနေနှင့် "ကျွန်တော်ကခင်ဗျားရဲ့သမီးလေးကိုပြောလိုမှာပေါ့"လို့ပြောချင်ပေမယ့်လည်း ဒီအတောတွင်းလောင်ချန်သူ့အပေါ်ကောင်းပေးခဲ့တာတွေကြောင့်ပြောမထွက်ပါချေ။ ရူရွယ်မှာအင်တင်တင်ဖြစ်နေပြီး နောက်ဆုံးမှာတော့ စိတ်လျော့ချလိုက်တော့သည်။
"ကျွန်တော်လောင်ချန်ရဲ့သမီးကိုမပြောပါဘူး ဒါပေမယ့် ဒီအိမ်တော်မှာကျွန်တော်နဲ့သိတာဆိုလို့လူအနည်းငယ်ပဲရှိတာလေ သခင်လေးယွမ်နောက်လိုက်ဖို့က ခဲယဥ်းရင်လည်း ထားလိုက်ပါတော့"
အဆုံးမှာထိုစကားများသာပြောထွက်သွားသည်။ရူရွယ်မှာတစ်ဖက်က လောင်ချန်အားအကျပ်မကိုင်မိလို့စိတ်အေးနေသော်လည်း တစ်ဖက်ကမူကိုယ့်ကိုကိုယ် အခွင့်ရေးအားအသုံးမချတတ်လေးခြင်းဟုတွေးကာ စိတ်တိုနေပြန်သည်။
သူသည် မုရုန်ချိုးကိုကျိန်းသေပေါက်လိုရှာရမည်။ ရှာတွေ့ပါက အပင်မိစ္ဆာမျိုးနွယ်ရူရွယ်ရဲ့ စွမ်းအင်အမြုတေကိုပြန်နိုင်ဖို့ကြိုးစားရဦးမည်။ ပြီးရင် အနှီမိန်းမယုတ်အား ဒီခန္ဓာကိုယ်ပိုင်ရှင်အတွက်လက်စားချေကာ ဖျက်ဆီးပေးလိုက်ဦးမည်။ ပြီးလျှင် အပင်မိစ္ဆာမျိုးနွယ်တွေနှင့် ပင်လယ်နဂါးမျိုးနွယ်တွေအား ဖိနိပ်ထားရဦးမည်။ နောက်ဆုံး ရန်းဟွေမြို့ကြီးအားလည်း ဒုက္ခပေးရဦးမည်။
သူ့တွင်လုပ်စရာများနှင့်ပြည့်နေသည်။ထိုသို့လုပ်စရာရှိတာများလုပ်ဖို့ အရင်ဆုံးမုရုန်ချိုးကိုရှာတွေ့ဖို့လိုသည်။သို့သော် ရူရွယ်အနေနှင့်ဘယ်ကစရှာရမလဲမသိပေ။
YOU ARE READING
ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုး