part 19

564 101 1
                                    


ရှိုးယွမ်သည် တကယ်ကိုလေနှင်ရာလွင့်သည့် နတ်ဆေးသမားတော်တစ်ယောက်ဖြစ်လို့နေသည်။ သူကနေရာတစ်ခုရောက်ပြီး နောက်တစ်နေရာသွားတော့မယ်ဆိုပါက အရှေ့၊အနောက်၊တောင်၊မြောက်ကို ရပ်ကြည့်လေ့ရှိပြီး သူစိတ်ထင်သည့်ဘက်ကို စိုင်းချသွားတော့သည်။ ရှုရွယ်မှာလည်း သေချာပေါက်သူသွားသည့်နောက်လိုက်ရသည်သာ။

ရှုရွယ်သည် ဤနှစ်လကျော်အချိန်အတွင်းတွင် ရှိုးယွမ်အကြောင်းတစ်စွန်းတစ်စသိလာသည်။ဤလူသည် စိတ်နှလုံးကောင်းလေးတော့ရှိရှာ၏။ ရှိုးယွမ်က သူဆေးကုလို့ရရာက ငွေများထဲမှ ရှုရွယ်ကိုအနည်းငယ်ခွဲပေးလေ့ရှိပြီး လုပ်အားခ ဟူ၍ပြောလေ့ရှိသည်။
သူကနည်းသည်များသည်ထားတော့ သူတစ်ယောက်ယောက်ဆီက ဆေးကုခရသည်နှင့် အနည်းငယ်ကိုရှုရွယ်အားလှမ်းပေးပြီးသားပင်။ ရှိုးယွမ်ဖြေရှင်းချက်ထုတ်သည်က နောက်မှဆိုနောက်ဟာတွေနဲ့ရောသွားပြီး သူပေးဖို့မေ့သွားလိမ်မည်ဟူ၍။ ဘာပဲပြောပြော ရှုရွယ်ကသူ့နောက်လိုက်ဖို့အတွက် လုပ်အားခရသင့်သည်ဟုဆိုသည်။ ရှုရွယ်လည်း အကျိုးကြောင်းသင့်သည်ထင်၍ ငြင်းမနေပါချေ။ ရှိူးယွမ်ပေးသမျှအသာတကြည်သာလက်ခံလေ့ရှိသည်။

ရှုရွယ်ကအရင်ဘဝတုန်းကဆို ငွေပေးဖို့သူများတွေဆီကတောင်လိုက်တောင်းရသေးတာပဲလေ။ ဒီလူက သူမတောင်းပဲပေးနေတာကို သူကမယူပဲနေစရာလား။

ဒီအတောတွင်းမှာ ရှိုးယွမ်က ရှုရွယ်ဒဏ်ရာများအားလည်းဂရုစိုက်ကုသပေးသည်။ အခုဆို ရှုရွယ်က လမ်းကောင်းကောင်းလျောက်နိုင်နေပြီဖြစ်ပြီး ဒဏ်ရာတွေကအနည်းငယ်တော့ဒဏ်ကျန်ခဲ့သည်ဆိုပေမယ့် အကုန်လုံးပြန်ကောင်းနေပြီဟုပြောလို့ရသည်။ သေခါနီးထိဖြစ်ထားရတဲ့လူတစ်ယောက်က အနည်းငယ်ကတော့ကုလို့မရပဲကျန်နေခဲ့မှာပဲလေ။ ဒါတောင် သူကဆေးရည်ရဲ့အကူညီနဲ့ ပုံမှန်လူလိုပြန်ကောင်းလာနိုင်တာဖြစ်သည်။

တစ်ခါတလေဆို ရှုရွယ်မှာ ရှိုးချောင်တွင် ရှိုးယွမ်လိုအကိုတစ်ယောက်ရှိနေခြင်းအား အတော်ပင်မနာလိုဖြစ်မိသည်။

ရှိုးယွမ်တွင်အကျင့်တစ်ခုရှိသည်။ ဒီအကျင့်က ရှိုးအိမ်တော်ကထွက်တဲ့ နယ်လှည့်သမားတော်တိုင်း ကျင့်သုံးလေ့ရှိမလားဟု ရှုရွယ်သံသယတောင်ဝင်မိသည်။ ထိုအကျင့်ကဘာလဲဆိုတော့ ရှိုးယွမ်က လက်ထဲငွေလေးအမြောက်များရှိနေလျှင် တောရွာတွေဘက်ဆင်းပြီးဆေးကုသည်။ သေချာပေါက် တောရွာတွေသည် နတ်ဆေးသမားတော်ဖြစ်နေဦးတော့၊ ရှိုးယွမ်ရဲ့ဆေးလှုံးတွေကအဖိုးထိုက်ပြီးစွမ်းလွန်းဦးတော့ ငွေအမြောက်များမပေးနိုင်ပါချေ။ တစ်ခါတလေ ရှိုးယွမ်ကတောင် အိတ်စိုက်ခဲ့သည့်အခြေနေတွေရှိသည်။ ရှိုးယွမ်က ငွေကုန်ခါနီးပြီဆိုလျှင် မြို့တွေဘက်ပြန်လှည့်လေ့ရှိသည်။ သူက မြို့ပေါ်က ချမ်းသာသည့်လူတစ်ယောက်ယောက်က သူ့အားပင့်ဆောင်ခဲ့ပါသော် တောင်းသည့်ပမာဏက ရှုရွယ်ပင်တစ်ခါတလေလန့်လန့်သွားရသည်။ သေချာပေါက်ကို ရှိုးအိမ်တော်က သမားတော်တွေနှင့်ဆေးလုံးတွေကနာမည်ကြီးပင်ဖြစ်လို့ သတင်းလေးကြားတာနှင့် အိမ်တော်ကြီးတွေက လာပင့်ကျမည်ပင်။ သူတို့က ဖျားနာတာနှင့်မကြုံဦးတော့ သူတို့ကျန်းမာရေးတွေကိုစစ်ဆေးခိုင်းပြီး အပြင်ဆေးဆိုင်တွေမှာမရောင်းသည့် ရှိုးအိမ်တော်ကဆေးတချို့ကိုလည်း ဝယ်ယူကျဖို့ကြိုးစားလိမ့်မည်။ ရှိုးယွမ်ကလည်းမငြင်းပါချေ။ အနည်းငယ်ကို ငွေအမြောက်များနှင့်ရောင်းချပေးလေ့ရှိသည်။ ရှိုးယွမ်ကြည့်ရတာ ဒီလိုလုပ်နေတာတွေကို နည်းနည်းမှစိတ်အနောက်ယှက်မဖြစ်သည့်ပုံပင်။

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးOù les histoires vivent. Découvrez maintenant