part 14

802 135 5
                                    

ရူရွယ် အနှီမိန်းကလေးနှစ်ယောက်နှင့်နာမည်များဖလှယ်ခဲ့ရပြီး သူမတို့အမည်များက ရှင်းစီနှင့် မန့်သျဲ ဟူ၍ သိလိုက်ရသည်။ သူတို့မတို့က ရူရွယ်အသက်ကိုပါ ခန့်မှန်းကာ သူမတို့ကို ရှင်းကျဲနှင့်မန့်ကျဲဟုခေါ်နိုင်ကြောင်းပါပြောလာသည်။

ရူရွယ်ပဲစိတ်ထဲကထင်နေ၍လားမသိ ဤရိူးအိမ်တော်ကလူများကသူ့ကိုမျက်နှာသာပေးလွန်းသည်။ ရူရွယ်ကျန်တာမသိရင်တောင် သူ့ပုံစံကခင်ဖို့ကောင်းတဲ့ပုံစံမျိုးမဟုတ်တာကိုတော့သိထားသည်။ ရန်းဟွေမြို့ကသူတွေဆို ရူရွယ်ကိုမြင်တာနှင့်ဆဲဆိုရိုက်နှက်ချင်သည့် စိတ်တွေဝက်လာသည်ဟုပြောလေ့ရှိသည်။ သူတို့က ရူရွယ်ရဲ့အကြည့်တွေကိုအထူးသဘောမကျကျခြင်းပင်။

ရူရွယ်ကသူမတို့မေးသည့်ထဲက တချိုု့ကိုပြန်ဖြေပြီး တချို့ကိုမတင်မကျသာပြောလေ့ရှိသည်။ သူက လိမ်ပြောရတာကိုနှစ်သက်သည့်လူမျိုးမဟုတ်သည့်တိုင် အမှန်တိုင်းပြောဖို့စိတ်မရှိသည့်အခါ ထိုမတင်မကျဖြေသည့်နည်းက ဖြေရှင်းသည့်နည်းလမ်းကောင်းပင်။
ရူရွယ်က အနှီကျဲနှစ်ယောက်ကို ဆေးပင်များကူရွေးပေးသဘ့်အခါ ထိုနှစ်ယောက်ကအလွန်သဘောကျနေတော့သည်။ ဒါက သေချာပေါက် ရူရွယ်မလုပ်တတ်သေးလို့ သူတို့သင်ပြပေးရတယ်ဆိုရင်တောင်မှပဲ သူတို့က ကူညီပေးချင်တဲ့စိတ်ရှိရုံနှင့်ပင် ကျေနပ်နေကျပြီဖြစ်သည်။ ရူရွယ်ကလည်း ထိုအလုပ်နှင့်မြန်မြန်ပင်အသားကျသွားပါသည်။ နောက်ဆုံးမှာတော့ ဤခန္ဓာကိုယ်က အပင်မျိုးမိစ္ဆာဖြစ်နေတုန်းပဲဖြစ်ပြီး စွမ်းအင်အမြုတေမရှိဘူးဆိုလျှင်တောင် ဆေးပင်အမျိုးစားခွဲတာလောက်တော့ ကျွမ်းကျင်စွာလုပ်နိုင်သေးသည်။

ရှင်းစီနဲ့မန့်ကျဲက အတော်လးသဘောကောင်းဖော်ရွေသည့်မိန်းကလေးများဖြစ်ပြီး သူတို့ကရူရွယ်က ဆေးပင်တွေရဲ့အာနိသင်တွေပါ ပြောပြနေသည်။

သူတို့တွေစကားပြောလို့ကောင်းနေတုန်းပဲ လောင်ချန်ကရူရွယ်အားပြန်လာခေါ်လေသည်။ ရူရွယ်ကဤနေရာ၌ဆက်နေချင်ပေမယ့်လည်း လောင်ချန်ကမရမကပြန်ခေါ်တာကြောင့် ပြန်လိုက်သွားရုံကလွဲပြီးမတတ်နိုင်တော့ပေ။

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးDonde viven las historias. Descúbrelo ahora