part 16

727 126 1
                                    


ရူရွယ်လည်းသိချင်သွား၏။ ရိူးယွမ်က အနှီနန်းတော်သခင်မကိုသဘောမကျ၍ ငြင်းသည်ဆိုဦးတော့ သခင်ကြီးတို့ကရော။
ဒီအစစရာရာပြည့်စုံပြီး အင်အားကြီးတဲ့မိသားစုကမိန်းကလေးကို ဘယ်သားရှင်တွေကများငြင်းနိုင်မှာလဲ။

ရှင်းစီနှင့်မန့်သျဲသည် ရူရွယ်သိချင်စိတ်များကိုဖတ်တတ်နေသလိုပင် ဆက်ပြောလာကျသည်။

မန့်သျဲ:"အိမ်း...သခင်ကြီးနဲ့သခင်မတို့ကတော့ ကြိမ်းသေပေါက် သဘောတူတာပေါ့လေ ဟန်ဟွားနန်းတော်ဆိုတာဘာများမှတ်လို့ နှစ်နှစ်ဆိုတဲ့အချိန်လေးအတွင်းမှာတင် ဆေးကုန်သည်လောကရဲ့အဓိကအချက်ချာဖြစ်လာတာလေ အကယ်၍ သခင်လေးယွမ်သာ လန်ဟွားနန်းတော်သခင်မနဲ့လက်ထပ်လိုက်ရင် ရိူးအိမ်တော်က ဆေးမြစ်တွေအတွက်ပူစရာလိုမှာမဟုတ်တော့ဘူးလေ
အကြီးကဲတချို့ကလည်း ဒီကိစ္စကိုဖြစ်မြောက်စေချင်ကျတာမဆန်းပါဘူး ဒါကရိူးအိမ်တော်အတွက်ကောင်းတာတွေချည်းပဲဖြစ်လာမှာ"

ရှင်းစီ:"ဒါပေမယ့်သခင်လေးယွမ်ကရောဘယ်သူမှတ်လို့ သူကရိူးအိမ်တော်ရဲ့အသည်းကျော်လေး သခင်ကြီးနဲ့သခင်မကြီးတို့ရဲ့အချစ်ဆုံးသားလေး တစ်ချိန်မှာ ရိူးမိသားစုရဲ့ခေါင်းဆောင်ဖြစ်လာမယ့်သူလေ သူစိတ်မပါပဲဘယ်သူကတိုက်တွန်းနိုင်မှာကျလို့ ဒါနဲ့ပဲ လန်ဟွားနန်းတော်နဲ့ရိူးအိမ်တော်ရဲ့မဟာမိတ်က တစ်ခန်းရပ်သွားပြီး မြောက်ပိုင်းနဲ့ပြန်ဆက်သွယ်ဖို့ တစ်ဖန်ပြန်လည်လာပါလေရော မြောက်ပိုင်းက ရိူးအိမ်တော်ကို သူတို့နဲ့အဆက်သွယ်ရပ်ဆိုင်းပြီး လန်ဟွားနန်းတော်ဆီသွားတာကို ကြိမ်းသေပေါက်ဘယ်သဘောကျခဲ့ပါ့မလဲ ဒါပေမယ့်လည်း ဒီနှစ်တွေမှာ လန်ဟွားနန်းတော်ပေါ်လာတာကြောင့် သူတို့စီးပွားရေးကလည်းသိပ်ကောင်းမှာမဟုတ်ဘူး အဲတာကြောင့်မိတ်ဆွေဟောင်းကြီးပြန်လာတာကို မငြင်းပဲ အဆက်သွယ်ပြန်လုပ်ခဲ့ကျပေမယ့် ဘယ်သူထင်မှာလဲ မြောက်ပိုင်းကိုတစ်ခါမှမရောက်ဖူးတဲ့ သခင်လေးနှစ်ယောက်ကို ဖူရွေ့တောထဲအလိမ်ညာစကားတွေဝင်စေမယ်လို့ ပြန်တွေးတိုင်း ဒေါသထွက်လိုက်တာမှ"

ထိုစကားအပြီး ရှင်းစီနှင့်မန့်ကျဲမှာမရယ်နိုင်ကျတော့ပေ။ ထိုအစားသူတို့က မြောက်ပိုင်းကဆေးကုန်သည်တွေကိုပြောဆိုနေကျတာ့သည်။

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးDonde viven las historias. Descúbrelo ahora