ရှိုးယွမ် ကျန်သည့်အလောင်းများကိုစစ်ဆေးပြီးချိန်တွင် အသက်ရှင်ကျန်ရစ်သည့်သူဟူ၍ ဤရွှေရောင်ဆံပင်နှင့်လူသာရှိသည်ကို သိလိုက်ရတော့သည်။
အနှီလူက သူတို့၏ဖေးမမှုနှင့်ထထိုင်ပြီး သူကိုယ်သူမိတ်ဆက်လာသည်။
"ကျွန်တော်က ဟောချီလင်းဂိုဏ်းက ရှန်ကျင်းလုံပါ ဒီကသမားတော်တွေက..."
"ရှိုးယွမ်လို့ခေါ်ပါတယ် ကျွန်တော်တို့တွေအကုန်လုံးက ရှိုးအိမ်တော်ကလူတွေပါ"
ရှိုးယွမ်ကရှေ့ကမိတ်ဆက်လိုက်တော့ ချန်စန်းနှင့် လုဝိန်လည်း သူတို့ကိုယ်သူတို့မိတ်ဆက်လိုက်ကျသည်။ အနှီမိတ်ဆက်ပွဲနှင့် မသက်ဆိုင်နေနေသူတစ်ဦတည်းက ရှုရွယ်ပင်။
ရှန်ကျင်းလုံသည် ရှုရွယ်ကိုသတိပြုကာ လှမ်းကြည့်လာသည်။ ရှုရွယ်ကတော့မမြင်ချင်ယောင်သာဆောင်နေလိုက်၏။နောက်တော့ အနှီရှန်ကျင်းလုံက ရှိုးယွမ်တို့အဖွဲ့ကိုသေချာကြည့်ရင်း...
"ရှိုးအိမ်တော်လား ရှန်းကျန်းမှာ နတ်ဆိုးသားရဲတွေရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးရောထိခိုက်သူရောအရမ်းများတဲ့အတွက် ကျွန်တော်တို့ဂိုဏ်းက ရှိုးအိမ်တော်ကသမားတော်တချို့နဲ့ ဆေးတချို့အကူညီတောင်းမယ်လို့ သတင်းပို့ထားတယ် မဟုတ်မှလွဲရော ခင်ဗျားတို့လား ခင်ဗျားတို့ကိုခရီးတစ်လျောက်လိုက်ပါစောင့်ရှောက်ပေးမယ့် ဂိုဏ်းသားတွေရော"
ရှိုးယွမ်နှင့်ချန်စန်းသည် ထိုစကားကြောင့်တစ်ဦးကိုတစ်ဦးကြည့်လိုက်မိကျသည်။
ချန်စန်း:"ကျွန်မတို့က နယ်လှည့်ဆေးကုရင်းက ရှန်းကျန်းရဲ့သတင်းကိုကြားပြီးလာခဲ့ကျတာပါ သခင်လေးရှန်ပြောသလိုဆိုရင် ရှိိုးအိမ်တော်ကလူတွေ မကြာခင်ရောက်လာလောက်ပါတယ်"
ရှန်ကျင်းလုံမှာထိုတော့မှစိတ်အေးသွားပုံနှင့်။
"ဒါဆို ကိုယ့်ဘာသာလာခဲ့ကျတာပေါ့
တော်သေးတာပေါ့ဗျာ ကျွန်တော်က ခင်ဗျားတို့ကိုဂိုဏ်းသားတွေနဲ့အတူပါလာမယ့်သူတွေထင်ပြီး အတိုက်ခိုက်ခံရလို့ ဂိုဏ်းသားတွေနဲ့ကွဲလာတယ်ထင်သွားတာ"
YOU ARE READING
ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုး