part 20

622 100 2
                                    

သားရဲတွေနဲ့ လူသားတွေကြားက ငြိမ်းချမ်းရေးက မတည်ငြိမ်တော့ဘူး?

တကယ်တော့ သားရဲမိစ္ဆာတွေနဲ့လူသားမျိုးနွယ်ငြိမ်းချမ်းရေးယူခဲ့တာ နှစ်ပေါင်းစွာကြာပြီးခဲ့ဖြစ်သည်။ ငြိမ်းချမ်းရေးမယူခင်အချိန်တုန်းက ဆိုးဝါးတဲ့အခြေတွေကိုတောင် ယခုချိန်မှာမေ့လျော့နေကျပြီး တစ်ချိန်က လူသားတွေနဲ့သားရဲတွေကြားက ကြီးကျယ်တဲ့ရန်ပွဲတွေအကြောင်းဟာဆိုရင် ခုချိန်မှာဆို ပုံပြင်လေးတွေဖြစ်လို့သွားရှာပြီ။

သို့သော် ငြိမ်းချမ်းရေးကိုနှောက်ယှက်ဖျက်စီးချင်သည် လူတစ်စုကလည်းအစဥ်မြဲရှိနေတတ်သည်သာ။

တချို့သားရဲများနှင့်လူများသည် လူသားများနှင့်သားရဲများ အတူတကွနေထိုင်သည်ကို လုံးဝမနှစ်မြို့ခဲ့ပေ။ လူသားတွေက သားရဲတွေမှာ ကြမ်းကြုတ်တဲ့မိစ္ဆာတွေသာဖြစ်ပြီး လူသားတွေနှင့်အတူတူမရှိသင့်ဘူးလို့တွေးသလို တချို့သားရဲတွေမှာလည်း လူသားတွေဟာ အားနည်းလွန်းသည့်အတွက် သူတို့ရဲ့အစာသာသင့်သည်ဟုတွေးထင်ကျသည်။ မဟုတ်လည်း လူသားတွေကသူတို့အတွက် လုပ်ကိုင်ပေးရမည့် ကျွန်သာသာကောင်များသာ။ သူတို့ရဲ့ဗီဇထဲမှာကိုက အားကြီးသည့်သူကသာလျှင် ဘုရင်ဖြစ်ထိုက်တာဖြစ်နေခဲ့သည်။

ကျိန်းသေပေါက် ထိုသို့မတွေးသည့် သားရဲများနှင့်လူများက ပိုများတာကြောင့် ငြိမ်းချမ်းရေးယူနိုင်ခဲ့တာဖြစ်သည်။ ငြိမ်းချမ်းယူပြီးနောက်တွင် လူသားများနှင့်သားရဲများပူးပေါင်းကာ ဟောချီလင်းဂိုဏ်းအားတည်ထောင်ခဲ့သည်။ ဟောချီလင်းဂိုဏ်း၏ရည်ရွယ်ချက်မှာ လူသားများနှင့်သားရဲများကြားက ငြိမ်းချမ်းရေးအား နှောက်ယှက်သူမည်သူမဆို အပြစ်ပေးအရေးယူဖို့ပင်။

ကျိန်းသေပေါက်ကို ငြိမ်းချမ်းရေးအားသဘောမကျသည့်ထဲတွင် လူသားများမှာများများစားစား အနှောက်ယှက်မပေးနိုင်ကျချေ။ သူတို့ကအလွန်ဆုံးမှ ပါးစပ်ကနေသာပြောဆိုနေရုံတင်။ သို့သော်လည်း သားရဲများမှာတော့ထိုသို့မဟုတ်ပေ။ သူတို့ကငြိမ်းချမ်းရေးကို ကောင်းကောင်းအနှောက်ယှက်ပေးနိုင်ပေသည်။ ထိုသို့ငြိမ်းချမ်းရေးကို အနှောက်ယှက်ပေးသော သားရဲများကိုတော့ သားရဲနတ်ဆိုးများဟုခေါ်ဆိုကျပြီး ဟောချီလင်းဂိုဏ်းက ဘယ်လောက်ပဲနိမ်နင်းနေပါစေ ဟိုနေရာတစ်စု ဒီနေရာတစ်စုရှိနေမြဲသာဖြစ်နေသည်။

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးWhere stories live. Discover now