part 44

1.4K 100 19
                                    

မနက်ခင်းစောစောတွင် ရူပ်ထွေးနေသောရှိုးအိမ်တော်အတွင်း၌ ရှိုးချောင်၏ငိုသံအော်သံကြီးနှင့် ဆူညံနေခဲ့လေသည်။

"မင်းငါ့ကိုထားခဲ့လို့မရဘူး!!! လုံးဝမရဘူး!! ရှိုးယွမ်! မင်းငါ့ကိုပါခေါ်သွားရမယ်!!!"

ရှိုးချောင်မှာ ရှိုးအိမ်တော်က ခရီးသွားဖို့အဆင်သင့်ဖြစ်နေသည့်လှည်းတစ်စီးပေါ်တွင်ရှိနေပြီး ကုတ်တွယ်ထားရင်း အော်ဟစ်နေခြင်းပါပင်။

ရှိုးယွမ်ကတော့ ညီဖြစ်သူကိုကြည့်ရင်း ခေါ်မသွားဖို့ဆုံးဖြတ်ချက်ကပိုမိုခိုင်မာလာခဲ့တော့သည်။ ချီမုန်းမှာလည်း သူ့သားငယ်အား လှည်းကိုလွတ်ပေးလိုက်ပါရန် ချော့မော့နေရရှာ၏။

"အားချောင် ဆိုးမနေတော့နဲ့ မင်းအကိုကြီးကခရီးသွားမှာကို ပြဿနာမရှာလို့မရဘူးလား"

ချီမုန့်မှာပြောရင်းနှင့် ရှေ့တိုးသွားကာ ရှိုးချောင်ကို လှည်းဆီကနေခွာဖို့ပြင်လိုက်ပေမယ့် ရှိုးချောင်က လှည်းကိုအသက်ရှင်ဖို့ကုပ်တွယ်နေရသည့်လူပမာ ရှိရှိသမျအားများနှင့်ကုပ်တွယ်ထားတာကြောင့် ခွာလို့မရပါချေ။

"အကို! ငါလမ်းမှာလိမ္မာပါ့မယ် အကိုပြောသမျှလည်းနားထောင်ပါ့မယ် ငါ့ကိုခေါ်သွားပါ အီးဟီးဟီး"

ရှိုးချောင်၏ငိုသံပါအသံကြီးမှာ ဆိုးဝါးလှသဖြင့် အနားရှိလူများမှာ မျက်မှောင်ကျုံ့ကုန်ကျတော့၏။

ရှိုးလျှန်းရန်မှာ လန်ဟွားသို့သွားမည့်ခရီးမှာ ရှိုးချောင်လိုက်ချင်နေကြောင်းသိသဖြင့် ရှိုးယွမ်အားစကားစကြည့်သေးသော်လည်း ရှိုးယွမ်က ရှိုးချောင်ကိုမခေါ်ဘူးဟုပြတ်ပြတ်သားသားပြောလာခဲ့သည်။ ရှိုးချောင်ကတော့ သူ့ရင်ဘတ်သူထုမငိုယုံ ဂျီကျတော့တာပေါ့။ သူ(ရှိုးချောင်)က အရင်ကလည်း လန်ဟွားကိုလိုက်ပါလေ့ရှိခဲ့တယ်လေ။ ဒီတစ်ခေါက်လည်း သူလိုက်ချင်ရင် သူ့အကိုကခေါ်မှာပဲဟု တစ်ထစ်ချတွေးထားခဲ့သည်။

သို့သော် သူ့အကိုကတော့ ရက်ရက်စက်စက်ပင်ပြတ်သားနေခဲ့သည်။ ရှိုးချောင်က အကိုဖြစ်သူကိုပြောမရတော့ အဖေနဲ့အမေကို သူ့အကိုအားပြောပေးဖို့ဂျီကျသော်လည်း ရှိုးလျှန်းရန်နဲ့ချီမုန့်မှာ သူတို့ရဲ့ပြောရဆိုရခက်တဲ့သားက သူမခေါ်ဘူးဆိုရင်လုံးဝခေါ်မည်မဟုတ်ကြောင်းနှင့် သွားဖို့တောင်ခက်ခက်ခဲခဲပြောခဲ့ရတာဖြစ်လို့ တုပ်တုပ်တောင်တောင်မလှုပ်ခဲ့ပါချေ။ ထိုအစား ရှိုးချောင်ကိုသာ ချော့မော့ပြီးဒီတစ်ခေါက်မလိုက်ဖို့ပြောနေခဲ့သည်။

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးWhere stories live. Discover now