ရိူးချောင်:"ဝေးတာတွေ မဝေးတာတွေမေးလား ဟမ်! မင်းကိုမေးနေလို့လား အကူညီကယူသင့်ရုံပဲယူလေ ငါတို့လည်းအိမ်ပြန်ရဦးမှာပါဆို -ီးလိုပဲ"ရိူးချောင်ကိုကြည့်ရတာ ဒီထက်ပိုပြီးမယဥ်ကျေးနိုင်တော့တဲ့ပုံပဲ။ ရိူးယွမ်တောင်မှ အဲဒီစကားတွေကြောင့် မျက်မှောင့်ကျုံ့ပြီးသူ့ညီသူဆူဖို့လှည့်ကြည့်လိုက်ပေမယ့် တစိမ်းတစ်ယောက်ရှေ့မှာ ကိုယ့်မိသားစုကိုပြင်းပြင်းထန်ထန်မဆူသင့်ဘူးလို့တွေးမိပြီး ရူရွယ်ကိုအားသလိုတစ်ချက်ကြည့်ကာ ဘာမှမပြောရှာတော့ဘူး။
ခဏလောက်ကြာမှ ရိူးယွမ်က..."အဲဒီမဝေးတဲ့နေရာကိုလိုက်ပို့ပြီး ငါတို့ပြန်ကျတာပေါ့"
ရိူးချောင်က သေချာပေါက်ကိုကျေနပ်သွားပေမယ့် ပွပွစိစိနဲ့ပြောဆိုနေတုန်းပင်။
သူတို့တွေခဏသာအနားယူပြီး ရူရွယ်ပြောတဲ့နေရာကိုထွက်လာခဲ့ကျသည်။ ကျိန်းသေပေါက် ရိူးယွမ်က ရူရွယ်ကိုကျောပိုးသယ်ရပြီး ရိူးချောင်က သူတို့အထုတ်တွေကိုပဲသယ်လာတာပေမယ့် ရိူးယွမ်အစားမချိတင်ခဲဖြစ်နေပုံနှင့် ရူရွယ်ကိုမကျေမခဲကြည့်လေ့ရှိသည်။သူတောင်အရွယ်ရောက်ထဲက သူ့အကိုကျောပေါ်မစီးရတော့ဘူး။ သူ ဒီမကောင်းတဲ့လူကိုကြည့်မရလိုက်တာ!
ရူရွယ်ပြောတဲ့နေရာကတကယ်ပင်မဝေးချေ။ သူတို့ စမ်းချောင်းငယ်လေးအတိုင်းလိုက်သွားပြီးမကြာခင်မှာတင် ရှာတွေ့လိုက်ရသည်။ ဒါပေမယ့် ရိူးညီအကိုက တည်သီးပင်ကြီးအောက်က သွေးစွန်းရာတချို့ရှိနေတဲ့ ဝါးအိမ်ငယ်ကိုကြည့်ပြီး ရူရွယ်ကိုမယုံသက်ာရိပ်လေးပက်ဝင်လာကျတော့သည်။ ရိူးယွမ်က ကျိန်းသေပေါက်ပမာဏနည်းနည်းလေးဆိုပေမယ့်လည်း ရိူးချောင်ကတော့အားမနာစွာနှင့်ပင်မေးလာသည်။
"မင်း မင်းပြောတာဒီနေရာလား
အိမ်ထဲမှာလူရောရှိလို့လား တစ်ယောက်ယောက် သေ သေတော့ သေမနေဘူးမလား"ရူရွယ်က ဒီရိူးမျိုးရိုးနဲ့ညီငယ်က လူသေကြောက်တတ်တာကို အနည်းငယ်သိထားသောကြောင့် စိတ်မပါသော်လည်းပြောလိုက်ရသည်။
"အိမ်ထဲမှာဘာမှရှိမှာမဟုတ်ဘူး
ဒါက ကျွန်တော့်နေရာ"ရိူးချောင်မျက်နှာကြီးကွက်ခနဲမဲသွားတော့၏။ သူကမဆိုင်းမကွပင် ပြောဆိုလာတော့သည်။
أنت تقرأ
ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုး