အစတုန်းကတော့ ရိူးချောင်ကသူ့အကိုကို အဖေနဲ့တိုင်ပြောမယ်ပေါ့။ ပြီးတော့ထပ်ပြီးအပြင်မထွက်အောင် သူ့အဖေကိုပြောမယ်ပေါ့။ နောက်တော့ကျလည်း သူ့အကိုပြောတာတွေကြားပြီး သူမတိုင်ရက်ပြန်တော့ဘူး။ ဒါကြောင့်ကူပြီးဖုံးပေးထားမယ်ကြံထားကာမှ အခုလိုတန်းပေါ်သွားရတယ်လို့။
သူ့အကိုပုံစံကလည်း "အဖေရိပ်မိနေမှတော့ ဘာလို့မေးနေသေးလဲ"ဆိုတာမျိုးဖြစ်နေလို့ သူ့အဖေတော့ ဒီနေ့လည်းသွေးကျဆေးထပ်သောက်ရတော့မှာပဲ။ရိုးယွမ်ကတော့ နေရာမှာတင်တောင့်ဆက်နေပြီး နောက်လည်းပြန်လှည့်မကြည့်၊ စကားလည်းပြန်မပြောလာပေ။ သူ့ကြည့်ရတာ ဒီတိုင်းကျော်သွားချင်နေပုံရပြီး သူ့နောက်ဘက်မှာ သူ့အဖေရိူးသခင်ကြီးရဲ့မျက်နှာမှာ မိုးတိမ်ရိပ်တွေမဲမှောင်နေပြီး လျှပ်စီးလိုဒေါသတွေလျှပ်နေတာကို လှည့်မကြည့်လည်းမြင်နေရပုံရသည်။
ဒီတိုင်းပဲကျော်သွားလိုက်ကျစို့လေ
ဖြစ်ပြီးသွားပြီပဲကို ပြန်ပြင်လို့မှမရတော့တာ။ဒါပေမယ့် သေချာပေါက် သူ့အတွေးတွေကို ထုတ်မပြောရဲဘူး။
သူမလူပ်တာကိုမြင်တော့ ရိူးလျှန်းရန်တစ်ယောက် ပေါက်ကွဲချေပြီ။
"မင်း! မင်း!!
မင်းအခုကစပြီးငါ့သားမဟုတ်တော့ဘူး ငါ့ကိုအဖေလို့မခေါ်တော့နဲ့ မင်းကငါ့စကားကိုနားမှမထောင်တာ မင်းငါ့ကိုအဖေလို့မခေါ်နဲ့တော့!!"ရိူးယွမ်သာ ခုချိန်ထွက်သွားလိုက်ရင် သူ့အဖေစိတ်တိုပြီးသေသွားလောက်မယ်တွေးမိတာကြောင့် လှစ်ပြေးဖို့စိတ်ကူးကို ထုတ်ပြစ်လိုက်ပြီး ပြန်လှည့်လိုက်သည်။ နောက် အချိုသပ်သောလေသံဖြင့်...
"အဖေကလည်းဗျာ..."
"ဒီကောင်ကတော့! မခေါ်နဲ့ဆိုနေ..!!"
ကြည့်ရတာ ရိူးလျှန်းရန်တစ်ယောက် မိုးလောက်ကြီးတဲ့ဒေါသတွေကိုမထိန်းနိုင်တော့ဘူးထင် ရိူးယွမ်ကိုရိုက်ဖို့တောင် လက်ပြင်ပြီး ရှေးတိုးလာလေသည်။ ဒါကိုမြင်တဲ့ ချီမုန့်ကအမြန်ဝင်ဆွဲလိုက်ပြီး
ရိူးချောင်ကလည်း တားကာ သူ့အကိုရှေ့ဝင်လိုက်၏။
ESTÁS LEYENDO
ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုး