ရှုရွယ် ဆေးဂိုဒေါင်ကပြန်လာချိန်တွင် စာတစ်စောင် ဝေခွဲရခက်စွာကြည့်ရှုနေသော ရှိုးယွမ်အားတွေ့လိုက်ပါ၏။ သူက စာကိုထုတ်ဖတ်သင့်မဖတ်သင့် စဥ်းစားနေပုံပေါ်သည်။ ရှုရွယ်မှာ သူ့ထံလာသောစာမှန်းမသိသေးတယကြောင့် စပ်စုမနေတော့ပဲ ထပ်ပြီးဆေးပုလင်းများကိုဂိုဒေါင်သို့သွားပို့မည်အပြုတွင် ဘေးကတစ်ယောက်ကပြောလာခဲ့သည်။"ရှုရွယ် ခုနကမင်းကို ယွင်ချိုးလာရှာသေးတယ် မင်းဆီကိုစာလာလို့ဆိုလား"
"စာလား"
ရှုရွယ် ချက်ခြင်း ရှိုးယွမ်အားလှမ်းကြည့်လိုက်မိပါ၏။ ရှိုးယွမ်ကခုထိ စာကိုဖွင့်မဖတ်ရသေးပါချေ။ သူက စာကိုပဲစေ့စေ့ကြည့်နေကာ မဆုံးဖြတ်နိုင်ပုံပေါ်၍နေသည်။
ရှုရွယ်မှာ ချက်ခြင်း ရှိုးယွမ်ဆီပြေးသွားရပါတော့၏။ စာကဘယ်သူ့ဆီကလာတာလဲလို့ပင် သူ့ဘေးကလူကိုပြန်မေးနေစရာမလိုပေ။ သူ့ကိုဘယ်သူကစာပို့မှာလဲ။ ရှိုးအိမ်တော်အပြင်ကနေ သူ့ဆီကိုပို့မယ့်လူဆိုရင် ဟိုနဂါးအစုတ်ပြတ်ပဲရှိတာလေ။သူက ရှိုးယွမ်လက်ဖဝါးပေါ်ကစာကို ဆွဲယူလိုက်ပြီး အင်္ကျီရင်ဘတ်ကြားထဲအမြန်ထည့်ပြစ်လိုက်သည်။
"ဟို..ဒါက ကျွန်တော့်ဆီလာတဲ့စာဆိုလို့"
ရှိုးယွမ်မှာ ခုထိ ထိုစာထဲတွင်ရေးထားမည့်အကြောင်းရာအားသိချင်နေစဲဖြစ်သည်။ ဘာရေးထားမှာလဲ။ ရှုရွယ်နဲ့ ရှန်ကျင်းလုံကြားမှာ စာရေးပြီးဆက်သွယ်စရာ ဘာအကြောင်းရှိနေလို့လဲ။
ရှိုးယွမ် ရှုရွယ်ရင်ဘတ်ကြားထဲရောက်သွားသောစာကို သံယောဇဥ်မပြတ်သေးသော်လည်း ဗလာဖြစ်သွားသောလက်ကို ရှက်တတ်တတ်နှင့်ခါလိုက်ရသည်။ ထို့နောက် သူဘယ်လိုမှမနေနိုင်တော့ပဲမေးလိုက်မိပါ၏။
"မင်းနဲ့ ရှန်ကျင်းလုံက ရင်းနှီးတာလား"
ရှုရွယ်၏အဖြေကချက်ခြင်းကိုပင်...
"ဘယ်ကသာ ဘာလို့သူကရင်းနှီးရမှာလဲ"
စာရောက်လာပြီး မရင်းနှီးဘူးဟုပြောလျှင် အကျိုးမသင့်ဟု စဥ်းစားမိကာ ရှုရွယ်က ထပ်ပြောလိုက်သည်။
CZYTASZ
ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုး