နှစ်ဦးသားဖူရွေ့တောထဲတွင် ရက်အနည်းငယ်လောက်နေခဲ့ရ၏။အကြောင်းမှာတော့ ရှိူးယွမ်၏အားနည်းနေသောအခြေနေကြောင့်ပင်။ သူတို့ ဖူရွေ့တောနားက မြို့လေးကိုပြန်ရောက်တော့ အလာတည်းကတည်းခိုခန်းမှာပဲတည်းဖြစ်ကျပြီး ထိုညတွင် ရှုရွယ်က မအိပ်ပဲတစ်စုံတစ်ယောက်ကိုစောင့်နေခဲ့သည်။ရှုရွယ်ထင်သည့်အတိုင်းပါပင် ထိုညတွင် တစ်စုံတစ်ယောက်ကသူ့အားလာရှာခဲ့၏။ ထိုသူကတော့ မလွဲမသွေ ရှန်ကျင်းလုံပါပင်။
ဒီတစ်ခါတော့ အနှီရှန်ကျင်းလုံက တံခါးကနေပင်ဝင်လာတာဖြစ်ပြီး ရှုရွယ်မအိပ်သေးသည်အားမြင်သော် မဲ့ပြုံးပြူံးလာပြီး...
"ဘာလို့ အဲလောက်သတိကြီးနေရတာလဲ "
ရှုရွယ် ထိုရှန်ကျင်းလုံအား လုံးဝပင်ကြည့်မရ။ ဖြစ်နိုင်လျှင် သူနှင့်ဘာမှပင်မပက်သတ်ချင်ပေ။ သို့သော် သူ့တွက်လည်းအခက်ခဲလေးများရှိနေပြီး သည်ရှန်မျိုးရိုးနှင့်သားရဲကလည်း သူ့ထံကတစ်စုံတစ်ခုကိုလိုချင်နေသည်ဟု သူခံစားရသည်။ ဒီလူနှင့် အချိန်အများကြီးမဖြုန်းချင်တာဖြစ်လို့ ရှုရွယ် လိုရင်းကိုပဲတန်းသွားလိုက်သည်။
"ခင်ဗျားပြန်လိုချင်တာဘာလဲ"
တည်းခိုခန်းလေးသည် စျေးမများသည်နှင့်အညီပင် အခန်းထဲတွင်ကုတင်တစ်လုံးသာပါရှိပြီး ထိုင်ရန်ခုံပင်ရှိမနေခဲ့ချေ။ ထို့ကြောင့် အနှီရှန်ကျင်းလုံက ရှုရွယ်ရှေ့တွက် ပျင်းရိပျင်းတွဲရပ်နေပြီး ပြောလာ၏။
"ကိုယ်လိုချင်တာ...ကိုယ်လိုချင်တာဘာများပါလိမ့် "
ရှုရွယ်က ဤသို့ဝေ့လည်ကြောင်ပတ်လုပ်နေခြင်းများကိုလုံးဝမနှစ်မျို့ပေ။ သူက ထိုလူအား စူးစူးရဲရဲနှင့်စိုက်ကြည့်လိုက်သည်။ရှန်ကျင်းလုံကလည်း ထိုအကြည့်တွေအားနားလည်ပါ၏။ ရှန်ကျင်းလုံမှာရယ်နေရင်း...
"ဘာတွေလျောက်တွေးနေတာတုန်း ကိုယ်မင်းကိုမတောင်းပါဘူးနော် အဲလောက်ခက်ထန်မနေစမ်းပါနဲ့"
ဒီနေ့အတွက် အနှီရှန်ကျင်းလုံက အရင်နဲ့မတူပဲ တစ်မျိုးဖြစ်နေသည်ဟုရှုရွယ်ခံစားရသည်။ အရင်ကဆိုလျှင် ဒီလူက သူ့အားသရိုးသရီလုပ်ရတာကို အလွန်သဘောကျသည့်ပုံရှိသော်လည်း ဒီနေ့တွင်တော့ ထူးထူးခြားခြားပင် ထိုသို့ပြုမူမလာပါချေ။ သူ့ပုံစံက စိတ်အခြေနေမကောင်းသည်ကို အတင်းဖုံးကွယ်နေသည်နှင့်တောင်တူသည်။ သို့သော် ဒါက ရှုရွယ်အတွက် အရေးကြီးသည်မှမဟုတ်တာပဲလေ။ အဓိကက ဒီလူအပေးယူပြန်တောင်းမယ့်အရာက ရှုရွယ်ထင်နေတာမဟုတ်ရင် ပြီးတာပဲ မဟုတ်ဘူးလား။
![](https://img.wattpad.com/cover/301755412-288-k458536.jpg)
YOU ARE READING
ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုး