part 26

519 90 7
                                    

ထိုနေ့ညပိုင်းထိ ဟူကျင့်မှာ အသစ်စက်စက်ဒဏ်ရာလေးအား ထိကာစဥ်းစားခန်းဝင်လျက်ရှိသည်။ အဲဒီခွေးကောင်စုတ်လေးက ဘယ်လိုတောင်အတင့်ရဲရတာလဲ။ သူ့ကိုတောင် ဒဏ်ရာရအောင်လုပ်ရဲတယ်။

ဟူကျင့်မှာတွေးလေဒေါသထွက်လေပင်။
သူ့ကို ဒီနေ့ချိန်ထိသခင်ကလွဲရင်ဒဏ်ရာရအောင်ဘယ်သူမှမလုပ်ရဲဘူး။ လုပ်ရဲရင်လည်း သူကနောင်တရအောင်ပညာပေးလိုက်မြဲပဲ။ ဒါပေမယ့် ဒီခွေးကောင်လေးကိုကြည့်ပါဦး။ အားနည်းလှတဲ့သာမာန်လူသားမျိုးနွယ်လေး။ သူ့မှာ ကြည့်ကောင်းတဲ့ရုပ်ရည်လေးကလွဲပြီးဘာများရှိနေလို့လဲ။ ဒါတောင် ဘယ်ကသတ္တိတွေနဲ့ သူ့ကိုရန်လာစရဲရတာပါလိမ့်။

"ဘယ်လိုဖြစ်သွားပြီလဲ"

တစ်ချိန်လုံးရပ်စောင့်နေရသည့် သားရဲမှာ နောက်ဆုံးတော့ ခေါင်းဆောင်ဖြစ်သူကမေးလာပြီမလို့ သက်ပြင်းချနိုင်သွားသည်။

"နတ်ဆေးသမားတော်က ညီနောင်တွေကို နောက်ထပ်ဆေးထည့်ပေးနေပါတယ် သူကဂရုစိုက်ပါတယ် ဒါပေမယ့် ဟိုကောင်စုတ်လေးကတော့အတိုက်ခံလုပ်နေတယ်"

ဟူကျင့်မှာ ရှုရွယ်ရဲ့ဒေါသထွက်နေတဲ့မျက်နှာကိုပြန်မြင်ယောင်လာပြီး ဟွန့်ခနဲနှာမုတ်လိုက်၏။ ဟူကျင့်အပြုမူကြောင့် အနှီသားရဲက အလိုက်သိစွာနှင့်ပင်...

"ခေါင်းဆောင် ဒီနတ်ဆေးသမားတော်ရဲ့ဆေးတွေက တော်တော်လေးမဆိုးဘူး ညီနောင်တွေရဲ့ဒဏ်ရာတွေကလည်း စိုးရိမ်ရတဲ့အခြေနေမဟုတ်တော့ဘူးလို့ကျွန်တော်ထင်တယ် ဘာလို့ အဲဒီကောင်စုတ်လေးကိုပညာမပေးရမှာလဲ"

ဟူကျင့်မှာ ထိုစကားကြောင့် အနှီသားရဲအားကြည့်လိုက်သော် အနှီသားရဲကခပ်ယုတ်ယုတ်အပြုံးလေးဖြင့်...

"ခေါင်းဆောင်အလိုရှိရင် အဲဒီကောင်စုတ်လေးကိုအခုချက်ခြင်းဆွဲခေါ်လာခဲ့မယ် အဲဒီနတ်ဆေးသမားတော်က တားနိုင်မှာမဟုတ်ဘူး သတ်ပြစ်မှာမှမဟုတ်တာ ဆက်ကုပေးဖို့ဆန့်ကျင်လာရင် အဲဒီအချိန်မှ ကောင်စုတ်လေးရဲ့အသက်နဲ့ခြိမ်းခြောက်လည်း နောက်မကျသေးလောက်ပါဘူး"

ဟူကျင့်မှာ ထိုစကားတွေကြောင့် တဟားဟားအော်ရယ်လာ၏။ ထို့နောက် ရုပ်ပြန်တည်သွားကာ ထိုသားရဲအားမေးလိုက်သည်။

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးOnde histórias criam vida. Descubra agora