part 13

798 127 1
                                    


ရူရွယ်ကတော့ ကုသရေးဆောင်မှာ တစ်လကျော်သွားတဲ့ထိ ရိူးညီအကိုနဲ့ထပ်မတွေ့တော့ချေ။ ဒီအတောတွင်းမှာ ရူရွယ်ရိူးအိမ်တော်အကြောင်းတော်တော်လေးသိလာရသည်။ ရိူးအိမ်တော်က နတ်ဆေးသမားတော်တွေရဲ့အရိပ်မြုံနေရာကြီးဖြစ်ပြီး သို့သော်လည်း ဤနေရာမှာရှိသမျှလူတိုင်းကတော့ နတ်ဆေးသမားတော်မျိုးဆက်မဟုတ်ကျပါပေ။ တကယ်တမ်းနတ်ဆေးသမားတော်မျိုးဆက်တွေမှာ ရိူးမျိုးရိုးတွေသာဖြစ်ပြီး တခြားသူတွေမှာ ဆေးပညာသင်ယူနေကျတဲ့တပည့်တပန်းများသာဖြစ်သည်။ တပည့်တပန်းလို့ဆိုရာမှာ ရိူးအိမ်တော်ကတကယ်ပင်ရူပ်ထွေးသည်။ ဥပမာအနေနှင့် အလွယ်ကူဆုံးရှင်းပြရရင် လောင်ချန်ဟာ လက်ရှိ ရိူးသခင်ကြီးရဲ့အဖေ ရိူးယွမ်ရဲ့အဖိုး၏ တပည့်တစ်ဦးဖြစ်ပြီး သူ့ဆရာသွားရာနောက်ကလိုက်ပါခဲ့သည်။ သို့သော် သူ့ဆရာမရှိတော့သည့်နောက်တော့ သူ့မိသားစုနှင့်ပါ ရိူး အိမ်တော်သို့ရွေ့ပြောင်းနေထိုင်ခဲ့လေသည်။ ထိုကတည်းကနေ ရိူးအိမ်တော်ကတဖဝါးမှမခွာတော့ပေ။

ဤကဲ့သို့လောင်ချန်လိုလူပေါင်း ရိူးအိမ်တော်မှာများစွာရှိသည်။ သူတို့တွေက သူတို့မရှိတော့တဲ့နောက်လည်း သားသမီးတွေကျန်နေခဲ့မှာဖြစ်ပြီး ထိုသားသမီးတွေကလည်း ရိူးအိမ်တော်မှာပဲဆက်နေကာ ဆေးပညာသင်ကျလိမ့်မည်။

နတ်ဆေးသမားတော်တွေရဲ့ ထူးခြားချက်မှာ မျိူးရိုးစဥ်ဆက်လက်ဆင့်ကမ်းလာတဲ့ သူတို့ရဲ့အစွမ်းထက်လှတဲ့ဆေးဖော်စပ်နည်းများပင်။ နတ်ဆေးသမားတော်တွေ၏ ဆေးလုံးများသည် အလွန်ပင်တန်ဖိုးရှိသည်။
နာမည်များအတိုင်းပင် နတ်ဆေးလိုအစွမ်းထက်ပြီး လူသားများကြားသာမက သားရဲမျိုးနွယ်များကြားမှာပါ နာမည်ကြီးလှသည်။ ရိူးအိမ်တော်၏ အဓိကလုပ်ငန်းမှာလည်း ဆေးလုံးများထုတ်လုပ်ရေးပင်။ ရိူးမျိုးရိုးတွေက သူတို့အိမ်တော်မှာနေပြီး ဆေးပညာသင်ကြားနေတဲ့ သမားတော်မျိုးဆက်တွေအပေါ် သူတို့ရဲ့ ဆေးဖော်စပ်နည်းပညာများကိုထိန်ချန်ထားခြင်းမရှိခဲ့ပါပေ။
တစ်ဖက်မှာလည်း ဤအိမ်တော်ရှိလူများက နတ်ဆေးသမားတော်များ၏တန်ဖိုးရှိဆေးဖော်စပ်နည်းများကို အပြင်တွင်သတင်းဖြန့်ခြင်းတစ်ခါလေးမှတောင်မရှိခဲ့ဖူးပေ။
သူတို့တွေကအချင်းချင်းယုံကြည်ကျပြီး မိသားစုကြီးတစ်ခုနှင့်ပါတူသည်။

ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုးWhere stories live. Discover now