ရှိုးမိသားစု ရှင်းလင်းခြင်းပါ။
ရှိုးအိမ်တော်ရဲ့အရင် အိမ်တော်သခင်ဟောင်းနာမည်က ရှိူးလျိန် ဖြစ်ပါတယ်။
သူ့ရဲ့သားသမီးတွေကို အစဥ်လိုက်ဖော်ပြပေးရရင် -
ရှိုးလျှန်းလန်၊ ရှိုးလျှန်းချန်၊ ရှိုးလျှန်းရန်နဲ့ ညီမအငယ်ဆုံးလေးက ရှိုးချန့်ချင် ပါ။အငယ်ဆုံးညီမ ချန့်ချင်က တစ်မြို့သားနဲ့အိမ်ထောင်ကျလို့ သူ့အိမ်သားနောက်လိုက်သွားခဲ့ပါတယ်။ ရှိုးအိမ်တော်မှာ လျှန်းလန်၊ လျှန်းချန်နဲ့ လျှန်းရန် တို့ညီကိုသုံးယောက်ကျန်နေခဲ့ပါတယ်။
မောင်နှမလေးယောက်လုံးက နတ်ဆေးသမားတော်တွေဖြစ်ပြီး ဆေးပညာက သာတူညီမျှနီးပါးတွေပါ။ ဒါကြောင့် သူတို့ရဲ့ပညာတွေက အတူတူပဲလို့သတ်မှတ်နိုင်ပါတယ်။
ပုံမှန်ဆိုရင်တော့ ဆေးပညာကအတူတူတွေမလို့ သူတို့အဖေ ရှိုးလျိန်က အကြီးဆုံးသားကို ဆက်ခံသူအဖြစ်ရွေးရမှာပေမယ့် သူက သားသုံးယောက်ထဲက အငယ်ဆုံး လျှန်းရန်ကို ဆက်ခံသူအဖြစ်ရွေးခဲ့ပါတယ်။ ဒါကလည်း လျှန်းရန်က ဆေးပညာအပြင် တခြားလုပ်ကည်ကိုင်ရည်တွေရှိတာကြောင့် အိမ်တော်အကြီးကဲတွေနဲ့ တညီတညွှတ်ထဲ လျှန်းရန်ကိုရွေးချယ်ခဲ့ကျတာပါ။
(ဒီမှာ သိထားရမှာက ရှိူးလျှန်းရန်ကို အိမ်တော်သခင်ရော အကြီးကဲတွေရောက တညီတညွတ်ထဲ ဆက်ခံသူအဖြစ်ရွေးခဲ့ကျတာပါ။ ရှိုးယွမ်နဲ့မတူပါဘူး။ ရှိုးယွမ်က ကန့်ကွက်သူတွေရှိပါတယ်။)
ဒါပေမယ့် အကြီးနှစ်ယောက်ကတော့ ဆေးပညာလည်းအတူတူကို အငယ်ကိုရွေးတယ်ဆိုပြီး မတရားသလိုခံစားရမှာပေါ့။ (သိတယ်မလား အဖေက ငါ့ကိုမချစ်ဘူး ဝူး ဝူး) ဆိုတာမျိုးတွေ။
ဒါပေမယ့် လျှန်းရန်က အိမ်တော်ကိုတကယ်ကောင်းကောင်းအုပ်ချုပ်ပြီး ပိုကောင်းလာအောင်လုပ်နိုင်ခဲ့တယ်။ ဒါကြောင့် အကိုနှစ်ယောက်က ဘာမှမပြောနိုင်ခဲ့ဘူး ဆိုပါတော့။ အဲဒါက နောက်မျိုးဆက်မရောက်ခင်ထိပေါ့။
နောက်မျိုးဆက်တွေကိုမပြောခင် အရင်ရှင်းရရင် ရှိုးအိမ်တော်မှာ "ရှိုး"မျိုးရှိုးတွေကသာလျှင် နတ်ဆေးသမားတော်စစ်စစ်တွေဖြစ်ပါတယ်။ ရှိုးမျိုးရိုးက နတ်ဆေးသမားတော်မျိုးရိုးပါ။ ရှိုးအိမ်တော်က တခြားသမားတော်တွေက ရှိုးမျိုးရိုးတွေဆီမှာ တပည့်ခံထားလို့ နတ်ဆေးသမားတော်လို့ခေါ်လို့ရပေမယ့် သူတို့က နတ်ဆေးသမားတော်မျိုးရိုးတွေမဟုတ်ပါဘူး။ ဒါကဘယ်လိုကွာလဲဆိုတော့ ရှိုးမျိုးရိုးက ဆင်းသက်လာသူတွေကို နတ်ဆေးသမားမျိုးဆက်လို့ခေါ်လို့ရပြီး သူတို့တပည့်နတ်ဆေးသမားတော်တွေကဆင်းသက်ရင်တော့ ငါကနတ်ဆေးသမားတော်မျိုးဆက်လို့ကြွေးကြော်လို့မရပါဘူး။ ကြွေးကြော်ချင်ရင် နတ်ဆေးသမားတော်တွေဆီမှာ တပည့်ခံပြီးဆေးပညာသင်ယူရပါမယ်။
VOCÊ ESTÁ LENDO
ကံၾကမၼာကႀကိဳး / ကံကြမ္မာကကြိုး