[Unicode]
အခန်း ၆၆၉ အာဏာနှင့်ကြွယ်ဝမှုနားမှာ အန္တရာယ်ဆိုတာတွဲပါနေမြဲအချို့လူများသည်က သူတို့၏ကြွယ်ဝမှုကို ထင်ဟပ်ပြသနိုင်ရန်အတွက် နာမည်ကျော်ကြားသည့် အမှတ်တံဆိပ်များကို နှစ်သက်ကြကာ အချို့လူများသည်တော့ အရည်အသွေးကောင်းကာ သက်သောင့်သက်သာဖြစ်စေသည့် အမှတ်တံဆိပ်ကို ပို၍နှစ်သက်ကြလေသည်။ လူမျိုးမျိုးရှိတာကြောင့် ရွေးချယ်မှုများသည်လဲ ကွဲပြားကြပေသည်။
“မင်းကြိုက်တာတွေ့လား? လက်ဆောင်ဝယ်ပေးမယ်လေ။” ချိုးယွီရှင်းကို စစ်မင်ပြောလိုက်ခြင်းဖြစ်သည်။
“ရှင့်အတွက် အရမ်းဈေးကြီးတာမျိုး ယူလိုက်မှာမကြောက်ဘူးလား?”
“ဝယ်လိုက်လို့ မင်းပျော်မယ်ဆိုရင် ကိုယ်လဲ ပျော်ပါတယ်။”
“ကျေးဇူးပြုပြီး နင်တို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းတွေ ထုတ်မကြွားဘဲနေပေးပါလား။” သူတို့နှစ်ဦးနားတွင် ရပ်နေသည့် ချောင်ဝမ်ရှင်းတစ်ယောက် ရင်နာသလိုလို ခံစားလာရသည်။
“မကျေနပ်ရင် နင်လဲထုတ်ကြွားလိုက်လေ၊ ငါတို့ စိတ်မဆိုးပါဘူး။” ချိုးယွီရှင်း ချောင်ဝမ်ရှင်းကို စိန်ခေါ်လိုက်သည်။
ထိုစကားကြောင့် ချောင်ဝမ်ရှင်းတစ်ယောက် ချက်ချင်းတိတ်ဆိတ်သွားတော့သည်။
ကြည့်ရှုသူများကတော့ JadeBeautyလက်ဝတ်ရတနာဆိုင်ဖွင့်ပွဲအခမ်းအနားအကြောင်း ဓါတ်ပုံများ ဗီဒီယိုများ အင်တာနက်ပေါ်တွင် ရိုက်ကူးတင်ကြတာကြောင့် မကြာခင်တွင်ပဲ လူပြောအများဆုံးသတင်းထူးဖြစ်လာတော့သည်။
အင်တာနက်အသုံးပြုသူများသည်လဲ တက်ရောက်သူစာရင်းကြောင့် ထိတ်လန့်အံ့အားသင့်သွားကြသည်။
“ဘုရားရေ၊ ကုနတ်ဘုရားမက နာမည်ကြီးလုပ်ငန်းစုကြီးတွေတင်မကဘဲ အကြီးဆုံးဂိုဏ်းကြီးနှစ်ဂိုဏ်းနဲ့ပါ အဆက်အသွယ်ရှိတယ်ပေါ့!”
“ကုနတ်ဘုရားမဆိုတဲ့အတိုင်းပါပဲကွာ!”
“ချင်ဟွာလုပ်ငန်းစုနှင့် ဟေးချီလုပ်ငန်းစုဆိုတာ ချင်ဂိုဏ်းနှင့် ကီရင်းဂိုဏ်းလို့ ဆိုလိုတာမဟုတ်ဘူး! အကျယ်ချဲ့မနေကြနဲ့!”