[Unicode]
အခန်း ၇၃၅ ကုနင်းကို အထင်သေးတာလား?ကုနင်း သူမဘယ်အချိန်လောက်မှ အိမ်ပြန်ရောက်နိုင်မည်မှန်း မသိတာကြောင့် ချောင်ယကို မခေါ်ခဲ့ပေ။ ကုမန့်၏လုံခြုံရေးအတွက် ချောင်ယကိုလိုအပ်ပေသည်။
ဖန်ရွှယ်ချင်ကတော့ ကုမန့်ကိုထပ်ပြီး ထိခိုက်အောင်လုပ်ဖို့ မဖြစ်နိုင်တော့ပေမည့် ထန်သဲ့မင်သည်လဲ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေတုန်းပင်။ ထို့ကြောင့် အခုချိန်တွင် ထန်မိသားစုဝင်တိုင်းသည် အန္တရာယ်ကျရောက်နေစဲအချိန်ဖြစ်သည်။ ဘယ်သူမှ အပြည့်အဝလုံခြုံမှုမရှိနိုင်ပေ။
ကုနင်းမရောက်ခင်ကတည်းက ချီထျန်းလင်နှင့် ကျုံးကျန်းဟွေ့မှာ လောင်းကစားအခန်းထဲ၌ ရောက်နေကြပြီဖြစ်သည်။
ယွီဟောက်နှင့် ချန်းဟွာသည်လဲ ချီထျန်းလင်၏နောက်တွင် မတ်တပ်ရပ်နေကြကာ ကျိုးကျန်းဟွေ့၏နားဘေးတွင်တော့ အသက်၂၀ဝန်းကျင် လှပသည့်မိန်းမငယ်လေးတစ်ဦးထိုင်နေပြီး သူတို့နောက်တွင်တော့ သက်တော်စောင့်၄ဦးရှိနေသည်။
ကျိုးကျန်းဟွေ့သည် အသက်၃၅နှစ်ရှိပြီဖြစ်သည့် အမျှော်အမြင်ရှိသည့်လူလတ်ပိုင်းတစ်ဦးဖြစ်သည်။ သူ့ဘေးရှိမိန်းကလေးကတော့ ဟဲဟုန်ကျဲ့၏ လေးယောက်မြောက်သမီး ဟဲစစ်ရင်ဖြစ်သည်။
သူတို့ရောက်သည့်အချိန်က ၇:၄၀နာရီတွဖြစ်ပေမည့် ကုနင်းက ၈နာရီထိုးခါနီးသည်အထိ မရောက်လာတာကြောင့် ဟဲစစ်ရင် မကျေမနပ်ဖြစ်လို့လာကာ၊ “လူကြီးမင်းချီ၊ ၈နာရီထိုးဖို့ ၅မိနစ်ပဲလိုတော့တယ်။ ရှင့်ရဲ့ အလောင်းအစားလုပ်မဲ့သူက ဘယ်မှာလဲ?”
“၈နာရီမထိုးသေးဘူးမလား?” ချီထျန်းလင်ကတော့ ပုံမှန်လို မောက်မာသည့်အသံနေအသံထားအတိုင်းပင်။ ဟဲစစ်ရင်ဘက်ကိုလဲ အကြည့်တစ်ချက်ပင် မစွန့်ကျဲ့တာကြောင့် ဟဲစစ်ရင် ဝမ်းနည်းလာတော့သည်။
ချီထျန်းလင်သည် ဘယ်တော့မှ သူမကို သိပ်အာရုံမထားပေ။ သူမကိုကြိုက်နှစ်သက်သူအများကြီးသာ ရှိမနေပါက သူမကိုယ်သူမ ကြည့်မကောင်းလို့လားဟုပင် ထင်မိပေလိမ့်မည်။