[Unicode]
အခန်း ၆၅၆ လိင်စိတ်တိမ်းညွတ်မှုJadeBeautyလက်ဝတ်ရတနာဆိုင်ခွဲသည်တော့ ဖန်ရှန်းဈေးဝယ်စင်တာ တောင်ဘက်တံခါးအနီးတွင်တည်ရှိပြီး Charmအရောင်းဆိုင်သည်တော့ မြောက်ဘက်တံခါးနားတွင် တည်ရှိတာကြောင့် JadeBeautyနှင့်Charmကို ၁၀မိနစ်ကျော်လောက် လမ်းလျှောက်ရုံဖြင့် ဟိုဖက်ဒီဘက်ကူးနိုင်ပေသည်။
ကုနင်းတို့ ကားကို တောင်ဘက်အပေါက်နားက မြေအောက်ကားပါကင်တွင်ပင် ရပ်ခဲ့ကာ JadeBeautyလက်ဝတ်ရတနာဆိုင်ခွဲဆီသို့ လမ်းလျှောက်ထွက်လာခဲ့သည်။
Bမြို့၏ JadeBeautyဆိုင်ခွဲသည် Gမြို့မှဆိုင်ထက်ပင် ပို၍ကြီးမားကျယ်ဝန်းကာ အလွန်အထက်တန်းကျစွာ ပြင်ဆင်လို့ထားပေသည်။ Bမြို့သည် အစကတည်းက နိုင်ငံတကာနှင့်ဆက်ဆံနေရသည့် မြို့တစ်မြို့ဖြစ်တာကြောင့် ဤမြို့တွင် နာမည်ကြီး အဆင့်မြင့်လက်ဝတ်ရတနာဆိုင်များစွာရှိနေတာကြောင့် JadeBeaeutyလက်ဝတ်ရတနာဆိုင်သည်လဲ ဝယ်သူများ၏အာရုံကို ဖမ်းစားနိုင်ရန်အတွက် အထက်တန်းကျကျပြင်ဆင်ထားရပေမည်။
JadeBeautyလက်ဝတ်ရတနာဆိုင်၏အပြင်ဘက်တွင်တော့ အမျိုးသမီးများစွာ ကြည့်ရှုလို့နေကြသည်။ အထဲတွင်တော့ အလွန်တရာလှပသည့်ကျောက်စိမ်းလက်ဝတ်ရတနာများကို ခင်းကျင်းထားတာကြောင့် သူတို့အားလုံး မှင်သက်လို့နေကြပေမည့် ဝယ်ဖို့ရန်တော့ မတတ်နိုင်ကြပေ။
သို့ပေမည့် ကုနင်းတို့အဖွဲ့သည်တော့ ချက်ချင်းမဆိုင်းအထဲသို့ တန်းဝင်လို့သွားသည်။
“တွေ့ရတာဝမ်းသာပါတယ်၊ ဘော့စ်။” ကုနင်းဝင်လာသည်နှင့် အရောင်းဝန်ထမ်းတစ်ဦးက လေးစားမှုအပြည့်ဖြင့် နှုတ်ဆက်စကားဆိုသည်။
ဆိုင်တွင်အလုပ်လုပ်သည့်ဝန်ထမ်းများ ကုနင်းကို အပြင်တွင်မြင်ဖူးသည်က အခုမှပထမဆုံးအကြိမ်ဖြစ်သော်လည်း အင်တာနက်ပေါ်မှတဆင့် ကုနင်း၏ဓါတ်ပုံများကို မြင်ဖူးထားကြပြီးဖြစ်သည်။ ထို့အတါက်ကြောင့် ကုနင်းဝင်လာသည်နှင့် ချက်ချင်းမှတ်မိဖို့ရန် မခက်ခဲလှပေ။
အခြားသောဝန်ထမ်းများသည်လဲ ကုနင်းကိုလေးစားမှုအပြည့်နှင့်ပင် နှုတ်ဆက်ကြသည်။