[Unicode]
အခန်း ၆၉၃ လင်းထျန်းယွီ ယုကျီကိုပြန်လိုက်ခြင်းကျောက်ရှောင်ရွှမ်း၏သူငယ်ချင်းလဲ ချောင်ဝမ်ရှင်းကို ပထမဆုံးအကြိမ်တွေ့ဆုံဖူးခြင်းဖြစ်ပေမည့် ချောင်ဝမ်ရှင်းဆိုသည်မှာ သူမသွားရှုပ်၍ရသည့် လူမျိုးမဟုတ်ကြောင်း အမြဲတမ်းစိတ်ထဲမှာ စွဲနေပြီးသားဖြစ်သည်။
ကျောက်ရှောင်ရွှမ်း တိတ်ဆိတ်နေစဲဖြစ်ပေမည့် သူမသူငယ်ချင်း၏သတိပေးချက်ကို လက်မခံလိုသေးပေ။
ကျောက်ရှောင်ရွှမ်း၏ သူငယ်ချင်းလဲ သူမပြောသင့်တာပြောပြီးသလို သတိပေးသင့်တာလဲ ပေးပြီးပေပြီ။ ကျောက်ရှောင်ရွှမ်း ကိုယ့်သေတွင်းကို ဆက်တူးချင်နေလဲ ဘယ်သူမှတားနေမည်မဟုတ်တော့ပေ။
“ငါနောက်ထပ်ကောင်လေးတွေအများကြီးနဲ့ ချိန်းထားသေးတယ်။ နင်လိုက်ချင်သေးလား?” ကျောက်ရှောင်ရွှမ်း၏ သူငယ်ချင်းက မေးလိုက်သည်။
ကျောက်ရှောင်ရွှမ်းကတော့ အထင်သေးဟန်ဖြင့် တစ်ချက်လှည့်ကြည့်လိုက်ပြီး၊ “တော်ပြီ၊ ငါအိမ်ပြန်တော့မယ်။”
………
နောက်တစ်နေ့မနက်၇နာရီတွင်တော့ ကုနင်း ထန်ဟိုင်ဖုန်းထံမှ ဖုန်းလက်ခံရရှိခဲ့သည်။ သူမသတင်းဆိုးလေးတစ်ခုကြားလိုက်ရပေသည်။ ရှန့်တုန်ပင်း၏ အောက်စီဂျင်မက်စ်က ညလယ်လောက်တည်းက ပြုတ်နေခဲ့ပေမည့် မနက်မှသာ သတိထားမိတာကြောင့် အသက်ရှူကြပ်ကာ သေဆုံးသွားခဲ့ပေပြီ။
ကုနင်းကတော့ အစကတည်းက ရှန့်တုန်ပင်းကို ကားတိုက်ခိုင်းဖို့ရန် နောက်ကွယ်မှစေခိုင်းသူက ရှန့်တုန်ပင်း မဖောက်သွားစေရန်အတွက် နှုတ်ပိတ်သတ်ဖြတ်မည်မှန်း တွေးထားပြီးဖြစ်တာကြောင့် မအံ့ဩမိပေ။
ဘာပဲဖြစ်ဖြစ် ရှန့်တုန်ပင်းသည် ထန်ဟိုင်ဖုန်းကို သတ်ရန်ကြိုးစားခဲ့သူဖြစ်တာကြောင့် သနားစိတ်လဲမဝင်မိပေ။ ပြီးတော့ အစကတည်းက ရှန့်တုန်ပင်းကို ဖိအားပေးကာ အမှန်အတိုင်းဝန်ခံစေဖို့လဲ ကုနင်းတွင် စိတ်ကူးမရှိခဲ့တာကြောင့် သူသေသွား၍လဲ သူမအစီအစဉ်ကို မထိခိုက်နိုင်ပေ။