[Unicode]
အခန်း ၇၅၀ မယားငယ်ရဲ့သမီး“လူကြီးမင်းချီကို ကြည့်ရတာ ရင်းနှီးနေတယ်မှတ်တာ အခုမှပဲ အမှတ်ရတော့တယ်။” ရုတ်တရက် ကုနင်းက တစ်ခုခုကို သတိရသွားဟန်ဖြင့် ပြောလိုက်သည်။
ချီကျီယွဲ့လဲ အံ့အားသင့်သွားကာ သိချင်လာပြီး၊ “အိုး၊ မိန်းကလေးထန်နဲ့ ငါဘယ်မှာများတွေ့ဖူးထားလို့လဲ?”
ကုနင်းက ချီကျီယွဲ့ကို မြူဆွယ်နေခြင်းမဟုတ်ပေမည့် ထန်ယရှင်းကတော့ ကုနင်း၏စကားပြောပုံဆိုပုံကို သဘောမျကပေ။ ဘယ်အမျိုးသမီးကမှ သူတို့လူအပေါ် အခြားအမျိုးသမီးများ လာရောက်စကားပြောဆိုခြင်းကို သဘောကျကြသည်မှမဟုတ်ဘဲ။
ကုနင်း အဓိပ္ပါယ်ပါပါအပြုံးတစ်ပွင့်ပန်ဆင်လိုက်ရင်း၊ “တိုက်ဆိုက်မှုတစ်ခုဆိုပေမယ့် ကျွန်မ တစ်ချိန်တုန်းက မြို့တော်မှာ ထန်အိုက်နင်းလို့ပဲခေါ်တဲ့ အမျိုးသမီးတစ်ယောက် ကယ်တင်တာခံခဲ့ရဖူးတယ်။ အဲ့နေ့က ကျွန်မကို လူမိုက်တစ်စုဝိုင်းလိုက်နေတာတဲ့အချိန် သူရောက်လာပြီး ကယ်ပေးခဲ့တာ။”
ထိုစကားကြောင့် ချီကျီယွဲ့ရော ထန်ယရှင်းပါ အလွန်တုန်လှုပ်သွားကြတော့သည်။ မြို့တော်က ထန်အိုက်နင်း? အဲ့တစ်ယောက်ပဲလား? မသေချာသေးပေမယ့် သူတို့သိထားသည့်တစ်ယောက်ဖြစ်လောက်သည်ဟု ခံစားနေရသည်။
သူတို့နှစ်ဦး၏တုံ့ပြန်ချက်များကို ကုနင်းကျေနပ်သွားကာ ဆက်ပြီး၊ “နောက်တော့ ကျွန်မတို့ တစ်ခါတစ်လေ ဆက်သွယ်ဖြစ်ခဲ့ကြတယ်။ လူကြီးမင်းချီရဲ့ပုံကိုလဲ သူ့ဖုန်းထဲမှာ မြင်ခဲ့တာလေ။ သူပြောတာတော့ ရှင်က သူ့ချစ်သူတဲ့။”
ချီကျီယွဲ့နှင့်ထန်ယရှင်းတို့ အလွန်စိုးရိမ်ပူပန်လာတော့သည်။ ထန်အိုက်နင်းအကြောင်းကို ကုနင်းဘယ်လောက်တောင် သိထားပြီးပြီလဲ?
“လူကြီးမင်းချီ၊ သူနဲ့တွဲနေတုန်းပဲလား? ပြီးခဲ့တဲ့ဩဂုတ်လထဲက ကျွန်မ ထန်အိုက်နင်းနဲ့ အဆက်အသွယ်ပြတ်သွားလို့လေ။”
“အမ်၊ ငါတို့လမ်းခွဲလိုက်ကြပြီ၊ အဆက်အသွယ်လဲ မလုပ်ဖြစ်ကြတော့ဘူး။” ချီကျီယွဲ့ ခက်ခက်ခဲခဲပြန်ဖြေလိုက်ရသည်။