[Unicode]
အခန်း ၇၄၇ ထန်ရှင်းယွဲ့ကို အလုပ်မှထုတ်ပယ်ခြင်းထန်ရှင်းယွဲ့သည် ထန်ဟွမ်လုပ်ငန်းစုတွင် အလုပ်ဝင်သညမှာ အချိန်တိုလေးသာရှိသေးပေမည့် သူမ၏ထူးချွန်သည့်အရည်အချင်းကြောင့် အချို့သော စာရင်းဇယားများကို တာဝန်ယူရသူအဖြစ် တိုးတက်နေပြီဖြစ်သည်။ သို့သော်လည်း အခုတော့ သူမပြဿနာတက်ပေပြီ။ ထန်ရှင်းယွဲ့သည် အထူးပုဂ္ဂိုလ်တစ်ယောက်၏ အဆင့်အတန်းကို မှားယွင်းခွဲခြားမိသည့်အတွက် ကုမ္ပဏီဘက်က ယွမ်၂သန်းဆုံးရှုံးသွားခဲ့တာကြောင့် ထန်ဟွမ်လုပ်ငန်းစုဘက်က သူမကိုအလုပ်ထုတ်ပယ်ဖို့ရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။
ထိုသတင်းကို ထန်ရှင်းယွဲ့ကြားရချိန်တွင် သူမမှန်ကန်အောင် စာရင်းခွဲပေးခဲ့မှန်း သေချာပေါက် အမှတ်ရနေတာကြောင့် ထိတ်လန့်သွားတော့သည်။ သို့ပေမည့် ထိုစာရင်းခွဲသည့်ကိစ္စတွင် သူမကအဓိကတာဝန်ရှိသူဖြစ်တာကြောင့် ဒီလိုအမှားအတွက် သူ့ဘက်က တာဝန်ယူရပေမည်။ ထိုသို့ဆိုလျှင်ပင် ဘာကြောင့် ယခုလိုဖြစ်သွားရမှန်း ထန်ရှင်းယွဲ့ မဖော်ထုတ်နိုင်သေးပေ။
သို့ပေမည့် စာရင်းကိုင်ဌာနမှလူတိုင်းကတော့ ထန်ရှင်းယွဲ့သည် မြန်မြန်ဆန်ဆန်ရာထူးတိုးနေခဲ့တာကြောင့် အစကတည်းက မကျေနပ်ကြ၍ သူမအလုပ်ထွက်ရသည့်အပေါ် ဘယ်သူကမှ စိတ်မကောင်းမဖြစ်မိကြပေ။ ဘဏ္ဍာရေးဌာနမန်နေဂျာ ယွီလီအပါအဝင်ပေါ့။
ယွီလီသည် အသက်၃၀ကျော်အမျိုးသမီးတစ်ဦးဖြစ်ကာ ထိုမျှငယ်ငယ်ရွယ်ရွယ်နှင့် မန်နေဂျာဖြစ်လာတာကြောင့် သူမ၏အရည်အချင်းကောင်းကြောင်း သိသာနေသည်။ ထို့အပြင် သူမက စာရင်းကိုင်ဌာန၏အကြီးအကဲဖြစ်သည်အထိ ရည်မှန်းချက်ထားထားတာကြောင့် လက်ရှိအကြီးအကဲနှင့် အဆင့်မပြေပေ။
ထန်ရှင်းယွဲ့ ထန်ဟွမ်လုပ်ငန်းစုကို စတင်ဝင်ရောက်ကတည်းက လက်ရှိအကြီးအကဲသည် သူမကိုအလွန်အရေးပေးကာ သူမ၏အလုပ်တာဝန်များကိုလဲ ထန်ရှင်းယွဲ့ အကြိမ်ပေါင်းများစွာ ခိုးယူခဲ့တာကြောင့် ယွီလီမှာ တော်တော်လေးစိတ်အနှောက်အယှက်ဖြစ်ရသလို တစ်ချိန်တည်းမှာပဲ သူမကျရှုံးတော့မည်ဟု အာရုံလဲရနေခဲ့သည်။