[Unicode]
အခန်း ၇၂၆ ယွမ်သန်း၅၀၀နိုင်ခဲ့တယ်!အိမ်ပြန်လာသည့်လမ်းရောက်တော့မှ ရုတ်တရက်ကြီး ချောင်ဝမ်ရှင်းက ကုနင်းကို မေးလာခဲ့သည်။ “နင်းနင်း၊ အန်တီမန့်က Fမြို့ကိုပြန်သွားပြီဆိုတော့ အခု နင်နဲ့ရှောင်းထင် နှစ်ယောက်တည်း….”
ချောင်ဝမ်ရှင်း စကားကိုအဆုံးထိမပြောသော်လည်း ဆိုလိုရင်းကို ကုနင်းကောင်းကောင်းနားလည်ပေသည်။ ကုနင်းမျက်နှာနီမြန်းသွားကာ ချောင်ဝမ်ရှင်း၏အမေးကို ရှောင်ဖယ်လိုက်သည်။ သို့ပေမည့် ချောင်ဝမ်ရှင်းကတော့ လက်မလျှော့သေးဘဲ ကုနင်း၏လက်မောင်းကို လွှဲရင်း ထပ်မေးလိုက်ပြန်သည်။ “နင်းနင်း၊ နင်ရှောင်းထင်နဲ့အခုထိ မလုပ်ရသေးဘူးလား?”
သေချာပေါက် အိပ်ရာပေါ်မှကိစ္စကို ဆိုလိုခြင်းဖြစ်သည်။
ချောင်ဝမ်ရှင်းသည် အခုထိ အပျိုစင်လေးတစ်ဦးဖြစ်တာကြောင့် ကုနင်းကို ထိုအကြောင်းမေးရာတွင် ရှက်နေမိသည်။ သို့သော်လည်း သူမနှင့်ရှင်းပိုင် ထိုကိစ္စလုပ်နေသည့်ပုံရိပ်များကိုလဲ မတွေးမိဘဲ မနေနိုင်ခဲ့ပေ။
ချောင်ဝမ်ရှင်း ထိုသို့သောအကြောင်းများကို မေးသည့်အတွက် ကုနင်းဖြေရခက်နေသော်လည်း အတတ်နိုင်ဆုံးစိတ်ကိုလျှော့ကာ၊ “ဘာလို့ ရုတ်တရက်ကြီး ဒီအကြောင်းမေးနေတာလဲ?”
“ဘာမှမဖြစ်ပါဘူး။ ဒီအတိုင်း သိချင်လာလို့။ နင်မပြောပြချင်လဲ ရပါတယ်။”
ညဈေးတန်းလမ်းနှင့် သူမတို့အိမ်သို့ မိနစ်၂၀လောက်လမ်းလျှောက်ရကာ သူမတို့ပြန်ရောက်ချိန်တွင် ကုနင်း၏အိမ်မှာ မီးများထွန်းထားပြီဖြစ်တာကြောင့် လင်ရှောင်းထင်ပြန်ရောက်နေပေပြီ။
“ဘာလို့ နင့်အိမ်က မီးတွေလင်းနေတာလဲ?” ချောင်ဝမ်ရှင်း အံ့ဩသွားပေမည့် မကြာခင်တွင်ပဲ အကြောင်းရင်းကို သဘောပေါက်သွားခဲ့သည်။ သူမ ကုနင်းကို မနာလိုသည့်အကြည့်များဖြင့် ကြည့်လိုက်ကာ၊ “ဒီလိုမျိုး အိမ်မှာစောင့်နေမယ့် ချစ်သူမျိုးရှိနေတဲ့နင့်ကို မနာလိုတောင်ဖြစ်လာပြီ။ ငါ့မှာတော့ ငါ့အိမ်ငါပြန်ပြီး အရင်လိုတစ်ယောက်တည်း အိပ်ရဦးမယ်။”