အိမ်တော်၏ခန်းမဆောင်မှာ ပြိုးပြိုးပျက်ပျက်လက်နေသော မီးဆိုင်းတို့ဖြင့် ထည်ဝါလျက်။ခန်းမကိုအပေါ်စီးမှ ကြည့်နေသူမှာ မြင့်မားသောအရပ်အမောင်း၊ကျယ်ပြန့်သော ရင်အုံ့နဲ့ ကျစ်လစ်၍ပြေပြစ်သော ခါးသိမ်သိမ်တို့ထက် navy ရောင် အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားသည်။ထိုအမျိုးသားမှာ လူငယ်တစ်ယောက်၏ဟန်ပန်ပျောက်၍ သက်လတ်ပိုင်းအရွယ်ယောကျာ်းပျိုတစ်ယောက်၏ အရှိန်အဟုန်မှာ လွှမ်းခြုံလျက်။တစ်ချက်ကြည့်ယုံဖြင့် အယ်လ်ဖာတစ်ယောက်မှန်းသိသာလှသော ထိုအမျိုးသားထံမှ ဆွဲဆောင်မှုရှိသော ရနံ့တို့ကြောင့် အောက်ဖက်ခန်းမရှိ လူများပင် သူရှိရာနေရာသို့ အကြည့်မရောက်ဘဲမနေနိုင်။
အသက် ၃၁နှစ်အရွယ်၊ တောင်ကိုရီးယားနိုင်ငံတော် Vice President ရဲ့ မြေးအကြီးဆုံးဖြစ်သူ၊ လုပ်ငန်းပေါင်းများစွာကိုပိုင်ဆိုင်သော လီ ( 乐 ) အုပ်စုရဲ့ နောက်ဆက်ခံမည့်ခေါင်းဆောင် အစရှိတဲ့ဂုဏ်ပုဒ်များကိုဖယ်ရင်တောင် တစ်ရာမှာနှစ်ယောက်သာရှိတဲ့ True-Blood Alpha ဆိုတဲ့အရာနဲ့တင် ထိုအမျိုးသား၏ impact က သိသိသာသာမြင့်မားလွန်းသည်။
"သခင်လေး...ဥက္ကဌကြီးရှာနေပါတယ်"
သောက်လက်စဝိုင်ခွက်ကို ဘေးတွင်ရပ်နေသော (ဒု)အတွင်းရေးမှူးထံပေးကာ အိမ်တော်အတွင်းဖက်သို့ဝင်လာလိုက်သည်။
ဥက္ကဌကြီးအခန်းထဲရောက်တော့ အဝါရောင်နံရံကပ်သစ်သားတို့ထဲမှ ချန်ရှင်းဟုခေါ်သော မိုးရေစွတ်သောသစ်ဆွေးနံ့ကဲ့သို့ အနံ့ဖျော့ဖျော့ကိုရလိုက်သည်။
"အီသန်...ဒီကိုလာခဲ့"
ဟီဆွန်း ထိုလူရှိရာဆီလျှောက်သွားကာ coat အလယ်မှ ကြယ်သီးကိုဖြုတ်ကာ ဆိုဖာတစ်ဖက်တွင်ဝင်ထိုင်လိုက်သည်။လက်ရမ်းနှစ်ဖက်ပါ၍ အလယ်တွင်စားပွဲငယ်ပါရှိသော ကျွမ်းဖြင့်ပြုလုပ်ထားသောဆိုဖာထက် ထိုအမျိုးသားမှာ စားပွဲပေါ်ရှိ ဘွန်ဆိုင်းအပင်ကို ရေဖြန်းနေရာမှ ဟီဆွန်းကိုမကြည့်သေးဘဲ
"ဒီနေ့ လီမိန်လာလိမ့်မယ်"
"သူကတရုတ်ကပြန်ရောက်နေပြီလား"
YOU ARE READING
Under the red sky , Over the moonlight
Fanfiction"Stfu ! You belong to me!" Omegaverse x Heehoon ( Burmese )