Part - 26

1.3K 130 22
                                    


တိမ်ကင်းစင်၍ မိုးပြာရောင်သမ်းသည့်ကောင်းကင်ယံထက် အနီရောင်အမွှေးအတောင်များရှိသည့်ငှက်ကလေးများမှာ ပြေးလွားဆော့ကစားနေကြသည့်။လေဟုန်စီးလိုက် လေကိုဆန်လိုက်ဖြင့် တဖြတ်ဖြတ်ခပ်နေသည့်တောင်ပံတို့က ပေါ့ပါးသွက်လက်စွာ။

ကျောင်းအနောက်ဖက်ရှိ ထင်းရှူးတောကြီးထဲ ပျံဝဲသွားကြပုံမှာလည်း အသိုက်မြုံလေးဆီ အပြေးပြန်ကြသည်လော သို့တည်းမဟုတ် ပုန်းလျှိုးကွယ်လျှိုးဖို့ ဆော့ကစားကြရန်လော။

ထင်ရှူးပင်ထက်ရှိ ဆီးနှင်းအကြွင်းအကျန်တို့ကြား ထိုငှက်ငယ်လေးများအားငေးကြည့်နေသော ရှဉ့်လေးများမှာ အပျော်တို့ကူးစက်လာဟန် တစ်ပင်မှတစ်ပင်သို့ခုန်ပေါက်ပြေးလွှားနေကြသည်။

တက္ကသိုလ်ကျောင်းဝင်းအတွင်း ထိုပျော်ရွှင်မြူးထူးနေသော အကောင်လေးများမှလွှဲ အရာရာဟာတိတ်ဆိတ်လျက်။ တံခါးအလုံပိတ်ထားသည့်စာသင်ခန်းများမှအသံဟာ အပြင်သို့မပြန့်နှံ့လာခဲ့ပေ။

သို့သော်ထိုတိတ်ဆိတ်မှုကကြာကြာမခံ စာသင်ချိန်ပြီးသွားပုံရသည့်အတန်းတစ်တန်းမှ ကျောင်းသားများအသံမှာ စာသင်ခန်းတံခါးကိုဖွင့်လိုက်သည်နှင့် လှိုင်းလုံးများပမာဝေါခနဲထွက်လာကြသည်။

အခန်းထဲမှကျောင်းသားအလျှိုလျှိုထွက်လာကြခြင်းနဲ့အတူ နောက်ဆုံးမှထွက်လာသောဆောင်းဟွန်းမှာ သူငယ်ချင်းမလေးနဲ့အတူစကားပြောရင်း ကော်ရစ်တာကိုဖြတ်လျှောက်လာ၏။

"မနက်ဖြန်မှ ငါဇိန်းဆီကိုသွားကြည့်လိုက်မယ်လေ။နင်သိပ်စိတ်မပူပါနဲ့"

ဆောင်းဟွန်းစကားကြောင့် သူမကခေါင်းညိတ်ပြသည်။

"အင်းပါ။နေကောင်းအောင်နေလို့ ငါမှာတယ်ဆိုတာပါပြောပေး။ သူမရှိတော့ ငါတို့အုပ်စုကခြောက်ကပ်နေတာ"

ဆောင်းဟွန်းပြုံးရုံသာပြုံး၍ မည်သူမှသတိမထားမိအောင် သက်ပြင်းခိုးချလိုက်မိသည်။ နေမကောင်းလို့ကျောင်းမလာတာဆိုရဲ့အကြောင်းပြချက်နောက်မှာ တကယ့်သရုပ်မှန်ကဘာလည်းဆိုတာသူသိပြီးသားပင်။

Under the red sky , Over the moonlightWhere stories live. Discover now