Part - 8

1.5K 172 15
                                    


Request : UTRS , OTML ကဖတ်ရလည်းရှည်သလို ကြာလည်းကြာမှာပါ။ပြီးတော့ love line က ခုမြင်ခုကြိုက်မဟုတ်ဘဲ ဖြေးဖြေးချင်းသွားမှာမလို့ တစ်ချို့အပိုင်းတွေကပျင်းစရာကောင်းချင်ကောင်းပါလိမ့်မယ်။ အဲ့ဒါကြောင့် complete မှဖတ်မယ်ဆိုရင်လည်း it's ok ပါနော်။ [ Just reminder again : ဒီ fic က MATURE ON ထားပါတယ်။ အဲ့ဒါဆိုအန်နာဘာကိုဆိုချင်လည်းသိကြမှာပါ။ I've already posted abt this on my acc but just want to remind in here 🙇🏻‍♀️...]

***********

"ဟိုဖက်အိမ်ကိုလူသစ်တွေပြောင်းလာတာထင်တယ်"

အပေါ်ထပ်ဆောင်းဟွန်း၏အိပ်ခန်းဝရံတာတံခါးဝမှနေ၍ မာမီ့ရေရွတ်သံကြောင့် ၆နှစ်အရွယ်ဆောင်းဟွန်းဆိုဖာထက်စာဖတ်နေရာမှခေါင်းထောင်လာသည်။ သရဲခြောက်တဲ့အိမ်ကြီးဆီ လူတွေတောင်ပြောင်းလာကြပြီလား။ အဲ့ဒီအိမ်ကြီးက မှိုင်းညို့ညို့နဲ့ ကြောက်ဖို့ကောင်းတာကို...

ဆောင်းဟွန်းသိလိုစိတ်ဖြင့်ခုံမှထကာ မာမီ့အနားသို့လျှောက်သွားလိုက်သည်။မာမီ့စကတ်အနားစကိုဆုတ်ကိုင်လျက် ကိုယ်ကိုကိုင်းကာတံခါးဝမှခေါင်းပြူကြည့်မိတော့ ပစ္စည်းတွေသယ်ချနေသောလူများနှင့် ပရိဘောဂပစ္စည်းတစ်ချို့ကိုခြံဝင်းထဲပုံထားသေးသည်။

"သွားနှုတ်ဆက်ကြမလား"

မာမီ့အမေးကိုဆောင်းဟွန်းခေါင်းတဆတ်ဆတ်ခါကာ ငြင်းဆိုလိုက်သည်။မာမီကရယ်လျက် အိမ်ထဲပြန်ဝင်သွားချိန် သူကရပ်နေရာမှတစ်ဖက်သို့စူးစမ်းမိနေသည်။

ထိုအချိန်အိမ်ထဲမှထွက်လာသော တည်တင်းသောမျက်နှာထားဖြင့် ဝဖိုင့်ဖိုင့်မိန်းမကြီးတစ်ယောက်မှာ အလုပ်သမားများကိုအမိန့်ပေးနေဟန်။လက်ညိုးတစ်ချက်ညွှန်တိုင်း တွဲကျနေသောလက်မောင်းသားတို့ကြောင့် အသက်၅၀နီးပါးခန့်ရှိလောက်မည်.... အဘယ်ကြောင့်မှန်းမသိ ထိုအမျိုးသမီးကြီးအား ဆောင်းဟွန်းအမြင်ဖြင့်တောင်မနှစ်သက်ချေ။

မသိရင် ဧရီရယ်ကားထဲကရေဘဝဲစုန်းမကြီးနဲ့တောင်တူသေးတယ်။

ဆောင်းဟွန်းစိတ်ထဲဝေဖန်လေကန်ရေးလုပ်နေတုန်း ထိုမိန်းမကြီးမှာ သူရှိရာသို့လှည့်ကြည့်လာတော့ ဆောင်းဟွန်းထိတ်လန့်စွာ နံရံနောက်ဆတ်ခနဲပုန်းလိုက်မိသည်။အကြည့်ချင်းဆုံသွားခိုက် တဒိန်းဒိန်းဆောင့်ခုန်နေသောနှလုံးခုန်သံကြောင့် ဒီနေ့တော့ဘေးအိမ်ကအိပ်ခန်းတစ်ခန်းနဲ့ကပ်လျပ်ဖြစ်နေတဲ့ အိပ်ခန်းခေါင်းရင်းပြတင်းပေါက်ကိုလိုက်ကာချအိပ်ဖို့တော့မမေ့ခဲ့။

Under the red sky , Over the moonlightWhere stories live. Discover now