"ဒါဆို ကျွန်မတို့ဖက်ကဆေးဝါးနဲ့ဆေးရုံသုံးပစ္စည်းတွေအတွက် စာရင်းကိုသဘက်ခါပို့လိုက်ပါ့မယ်။အီသန်ကတစ်ချက်စစ်ပေးပါဦး""အင်း။ကွန်တိန်နာကပ်မယ့်နေရာကိုအကြောင်းကြားပေးထား။ကိုယ့်ရုံးဖက်ကလူတွေစစ်ဆေးပေးလိမ့်မယ်"
"ဒါဆိုအီသန့်ကိုပဲအပ်လိုက်မယ်နော်။သေချာဂရုစိုက်ပေးပါဦး"
ထိခတ်သွားသောဖန်ခွက်အနားသားနှစ်ခုနောက် ခွက်ထဲရှိဝိုင်နီတို့သည်လည်း အတန်ငယ်လှုပ်ခတ်သွားသည်။လေလှိုင်းထဲစိမ့်ဝင်နေသော တယောသံမှာ ကြည်နူးဖွယ်ပတ်ဝန်းကျင်ကိုဖန်တီးပေးနေသည်။ထို့နောက်ဖန်ခွက်ကိုချကာ စားသောက်ဆိုင်ပတ်ဝန်းကျင်အားလေ့လာနေသောသူမက
"ဒီဆိုင်ကမဆိုးဘူးဘဲ။အေးအေးဆေးဆေးလည်းရှိပြီး စကားပြောလို့လည်းကောင်းတာ။ဒိတ်လုပ်မယ့်သူတွေအတွက် romantic ဆန်ဆန်တကယ်ကောင်းမှာနော်။အီသန်ကရွေးတတ်လိုက်တာ"
ထိုကလေးမဖက်ကညို့ညင်သည့်အကြည့်များထံ ဟီဆွန်းအကြည့်တစ်ချက်သာပို့လိုက်ပြီး
"အထက်တန်းတုန်းက ကိုယ့်အတန်းဖော်ပိုင်တာမလို့ ဖွင့်ပွဲနေ့ကလာဖို့ဖိတ်သေးတာ။ဒါပေမယ့် အဲ့ဒီနေ့က ကိုယ်မအားလို့မလာနိုင်တာနဲ့ မဟုတ်ရင်တောင် တစ်ရက်လောက် ဒီကိုလာဖို့စီစဉ်ထားတာ။ဒီနေ့ကိစ္စလည်းရှိတော့ အဆင်သင့်ဖြစ်သွားတာပေါ့"
အီသန်ကသူမစကားများအား ကွေ့ဝှိုက်သောနည်းဖြင့်ကြိုတားဆီးလိုက်သည်။သို့သော် သူမကမျက်နှာပင်ပျက်မသွားခဲ့။
"အော် အဲ့လိုလား။ ဒါဆို အီသန်ကဘယ်သူနဲ့များလာမလို့ စီစဉ်ထားတာလဲ။တစ်ယောက်ထဲတော့မဖြစ်နိုင်ဘူးထင်တယ်"
အီသန်မှာ ဖန်ခွက်အောက်ခြေရိုးမှကိုင်ကာ ဖန်ခွက်ထဲရှိဝိုင်နီများကိုလှည့်ကစားနေရင်း
"တစ်ယောက်ယောက်နဲ့မှလာရမှာလား။တစ်ယောက်ထဲရောမဖြစ်ဘူးလား"
"ကျွန်မကစကားအဖြစ်ပြောတာပါ။ဒါပေမယ့် အီသန်ပြောပုံအရဆို အီသန့်ဆီမှာ ဒီလိုနေရာကိုခေါ်လာရမယ့်သူမရှိသေးပုံဘဲ"
YOU ARE READING
Under the red sky , Over the moonlight
Fanfiction"Stfu ! You belong to me!" Omegaverse x Heehoon ( Burmese )