ချယ်ရီပန်းခက်မှကြွေကျလာသော ပန်းနုရောင်ပွင့်ဖတ်တို့သည် လေ၏ဆောင်ယူမှုကြောင့် လေတင်ပိုင်းအရပ်သို့လွှင့်ပါလာခဲ့သည်။
ပွင့်ဖတ်တို့လွှင့်မြောနေသကဲ့သို့ ချယ်ရီပန်းတို့နှင့်ဆင်သော လူသား၏ဆံနွှယ်တို့သည်လည်း လေထဲကခုန်လျက်။ထိုသူ၏ခပ်ပြေပြေလွှင့်မြောနေသော ဆံစများအား အနောက်ဖက်ရှိလက်တစ်စုံမှာ ချယ်ရီပန်းခက်ဆံထုံးဖြင့်သေသပ်စွာထုံးဖွဲ့၍ သိမ်းဆည်းပေးလိုက်သည်။
ထို့နောက် အနောက်တွင်ရပ်နေသူမှာ အကြင်သူဘေးတွင်ထိုင်ကာ ရွှမ်းလဲ့သောမျက်ဝန်းများဖြင့်ကြည့်နေခဲ့သည်။
"ကိုယ်တို့လက်ထပ်ရင် မင်္ဂလာခန်းမတစ်ခုလုံးကို ချယ်ရီပွင့်တွေနဲ့အလှဆင်ကြမယ်နော် ချင်းချင်း။ ချယ်ရီတွေရယ် မင်းရယ် ကိုယ်ရယ်လေ....မင်းနဲ့သာဆို ချယ်ရီပန်းတွေက နဂိုထက်ကိုပိုလှနေမှာ"
"သခင်လေးတွေက အဲ့လိုပဲစိတ်ကူးယဉ်ဆန်ဆန်နေတတ်ကြတာလား။ကျွန်တော်အသက်ပြည့်အောင်စောင့်ပါဦးလား...ဘာကိုလက်ထပ်ဖို့ကိစ္စအထိတွေးနေတာလဲ"
ချင်းယွမ်ပြောသည်ကို မကြားချင်ယောင်ဆောင်ကာ ထိုသူသည် ကိုယ်ကိုကြမ်းပြင်ထက်လဲကာ ချင်းယွမ်ပေါင်အားခေါင်းအုံးလုပ်၍ ခေါင်မိုးကိုငေးကြည့်နေခဲ့သည်။ပေါင်ပေါ်သို့လဲလျောင်းလာသူ၏ နဖူးပြင်အားလက်ထိပ်လေးဖြင့် ခပ်ဖွဖွပွတ်သပ်ပေးနေသူဟာလည်း ကျင့်သားရနေကြကိစ္စတစ်ခုလို။
"အသက်ပြည့်ဖို့က ကိုးလနဲ့ဆယ့်တစ်ရက်ပဲလိုတော့တာမလား"
"အင်း။ ခင်ဗျား ကျွန်တော်အသက်ပြည့်တာကိုတာလီချိုးရေနေတာမဟုတ်ဘူးမလား"
"ပထမဆုံးအနမ်းရမယ့်နေ့ကို နေ့တိုင်းနေ့တိုင်းရေတွက်နေမိတာ။ မင်းတကယ်ပဲ ကိုယ့်ကိုပေးမနမ်းဘူးလား ချင်းချင်း။ ကိုယ်တို့ချစ်သူဖြစ်တာပဲ နှစ်နှစ်ကျော်လုပြီ"
YOU ARE READING
Under the red sky , Over the moonlight
Fanfiction"Stfu ! You belong to me!" Omegaverse x Heehoon ( Burmese )