တောင်ကိုရီးယားနိုင်ငံရဲ့ တတိယမြောက်အချမ်းသာဆုံးအိမ်တော်က ဆက်ခံသူတစ်ယောက်ကိုသာ လူထုကမြင်ဖူးပြီး ဒုတိယမြောက်သားဖြစ်သူအားသိသူနည်းလှသည်။မိသားစုမျိုးရိုးထဲကြည့်ရင် ပတ်ဆောင်းဟွန်းဆိုတဲ့နာမည်ပဲတွေ့ရပြီး ထိုသူရဲ့အသက်၊တက်တဲ့ကျောင်း၊ပုံပန်းသွင်ပြင်ကအစ မြင်ဖူးသူသိပ်မရှိခဲ့။ ဒါကလည်း ဆောင်းဟွန်းကိုယ်တိုင်တောင်းဆိုချက်အရ မင်ဥက္ကဌကြီးကလိုက်လျောပေးထားခြင်းပင်ဖြစ်သည်။
ဖခင်ရဲ့လောင်းရိပ်၊ အစ်ကိုဖြစ်သူရဲ့အရှိန်အဝါနဲ့ သူ့ကိုလူတွေပစားပေးတာမျိုးမလိုချင်ခဲ့။ သူဘယ်သူလည်းဆိုတာသိတဲ့သူတွေကလည်း တော်ရုံစကားဖွာတတ်သည့်သူများမဟုတ်ရင် သူ့ရဲ့နောက်ခံအသိုင်းအဝိုင်းကို လူများစွာမသိကြသေးပေ။
ဒါပေမယ့် အီသန်နဲ့ဆက်ဆံရေးကိုချပြလိုက်ကတည်းကစလို့ အခုတော့လူတိုင်းလိုလို သူဘယ်သူလည်းဆိုတာသိသွားကြပြီပင်။
"လီအိမ်တော်၏အနာဂတ်ခေါင်းဆောင် အီသန်လီမှာ သူ၏အချစ်ရေးအားချပြလိုက်ပြီး ထိုသူမှာမင်ဥက္ကဌကြီး၏ ဒုတိသားဖြစ်..."
"အဲလ်ဒန် မင်းပါးစပ်ကိုပိတ်မလား ကားပေါ်ကဆင်းမလား"
"ဟက် ငါတို့အိမ်ကအငယ်ဆုံးလေး သူ့တစ်သက်လုံးဖုံးကွယ်လာတာကို အီသန်လီနဲ့တွဲတော့မှ တစ်လောကလုံးသိသွားတော့တာပဲ"
"အဲလ်ဒန်..."
"အိုခေအိုခေ ဆက်မပြောတော့ဘူး ကားဆက်မောင်း"
ပါးစပ်ပိတ်ကာ တစ်ဖက်သို့လှည့်သွားသောအဲလ်ဒန်မှာ မနက်ကတည်းကတက်လာသည့်ထိုသတင်းကြောင့် သူ့အားတစ်လမ်းလုံးမထိတိစနောက်နေခဲ့သည်။
အဲလ်ဒန်ကသူ့အစ်ကိုဆိုတာတောင် ဘယ်သူမှမသိစေချင်လို့ အစ်ကိုဖြစ်သူနဲ့တောင် တွဲသွားတွဲလာတောင်မဆိုလေနဲ့ ဆိုရှယ်မီဒီယာတွေမှာတောင် follow မလုပ်ထားတာ။
အခုတော့အတင်းအဓမ္မသူ့ကို follow ခိုင်းပြီး ကျေနပ်နေတော့သည်။ ပြောလိုက်သေး 'အီသန်လီနဲ့တွဲတာ ဒီတစ်ခုတော့မဆိုးပါဘူး' တဲ့။
YOU ARE READING
Under the red sky , Over the moonlight
Fanfiction"Stfu ! You belong to me!" Omegaverse x Heehoon ( Burmese )