Part - 28

1.5K 134 13
                                    

AN : This chapter contains mature content. Make sure you're 16 y/o or above.

-
-
-

တောင်တန်းများအလယ်တွင်တည်ထားသော ဘုရားကျောင်းသည် တောတောင်ကြောင့်လည်း အေးချမ်း၏။

မလှမ်းမကမ်းရှိ တောင်ကျချောင်းတေးကြောင့်လည်း ကြားရသူအဖို့ နှစ်လိုဖွယ်ဖြစ်၏။

ပန်းရောင်အဆင်းရှိသော ကြာဖူးကြာပွင့်၊ချယ်ရီပင်တို့ကြောင့်လည်း မြင်ရသူအဖို့ မျက်စိပဒေသာဖြစ်၏။

မြူခိုးမြူငွေ့များ အတန်ငယ်ရစ်သိုင်းလာသောကောင်းကင်ယံသည် နေခြည်ပျောက်ပါမူ ညကောင်းကင်အားဆီးကြိုရန်ပြင်နေကြသည်။

ညနေစောင်းအချိန်သည်ကား လွမ်းဆွတ်ဖွယ်ရာအတိဖြစ်သည်။

အီသန့်လက်ချောင်းတို့မှာ ဆောင်းဟွန်း၏လက်ကောက်ဝတ်အားဆုပ်ကိုင်ထားသလို အကြင်သူအား နှစ်ကိုယ်ထဲစကားပြောရန်အလို့ငှါ ခြေဦးတည့်ရာ ခေါ်ဆောင်လာမိသောနေရာကား ကျောင်းဝင်းထဲရှိ လူတို့နားနေရန်ပြုလုပ်ထားသော လသာအဆောင်ဆီကိုပင်ဖြစ်သည်။

ချယ်ရီပင်အကိုင်းအခက်တို့ကား အဆောင်အမိုးဖျားနှင့်ထိခတ်နေသလို အမိုးစွန်း၌ အနီရောင်ခြူသီးလေးတွဲချိတ်ထားရာ လေအဝှေ့၌ ခြူသံကတငြိမ့်ငြိမ့်။

လမ်းလေးထက် ခြေလှမ်းတစ်လှမ်းလှမ်းတိုင်း ကြွေလွှင့်သောချယ်ရီပန်းတို့သည် လေနှင့်အတူ တိုးတိတ်စွာလမ်းဖယ်ပေးကြသည်။ လသာအဆောင်ထဲသို့ရောက်ချိန် အီသန်၏လက်တို့မှာ ဆောင်းဟွန်းအားအလွှတ်ပေးလိုက်သည်။

ဆောင်းဟွန်းသည်လည်းဘာစကားမှမဆို ဆိတ်ဆိတ်နေခြင်းဖြင့် တစ်ဖက်သူအား စကားစခွင့်ပေးထား၏။

"အဲ့ဒီလူက ကိုယ်နဲ့သိကျွမ်းတဲ့လူ။သူနဲ့ကိုယ့်ကြား ဘာပတ်သက်မှုမှမရှိဘူး ဆောင်းဟွန်း"

"အင်း...."

"ပြီးတော့ ကိုယ်မင်းကိုတမင်လိမ်ခဲ့တာမဟုတ်သလို ၁၀၀ရာခိုင်နှုန်းလည်း အမှန်တိုင်းပြောခဲ့တာမဟုတ်ဘူး။ ကိုယ်သွားစရာရှိတယ်ဆိုတာရော အရေးကြီးတဲ့ ကိစ္စဆိုတာရောက ကိုယ်အမှန်တိုင်းပြောခဲ့တာ။ အလုပ်နဲ့ပတ်သက်တာမဟုတ်ပေမယ့် ဒါကကိုယ့်အတွက်တကယ်အရေးကြီးတဲ့အရာမလို့"

Under the red sky , Over the moonlightWhere stories live. Discover now