"ဖြတ်လိုက်...မင်းကိုအဲ့ကောင်နဲ့သဘောမတူနိုင်ဘူး"
ထမင်းစားဝိုင်း၌ထွက်ပေါ်လာသော ဥက္ကကြီးစကားကြောင့် ဟီဆွန်းဇွန်းနဲ့ခက်ရင်းအားတင်းတင်းကိုင်ကာ
"ကျွန်တော်နဲ့သူနဲ့တွဲတော့ ပါပါးကြီးဘာနစ်နာသွားလို့လဲ"
"နောက်ခံမျိုးရိုးကိုတောင်သေချာမသိရတဲ့မိဘမဲ့အိုမီဂါလိုကောင်နဲ့ မင်းကိုသဘောတူလိုက်ရင် ငါ့မျက်နှာဘယ်မှာသွားထားရမလဲ ဟီဆွန်း။မင်းကသာမန်လူမဟုတ်ဘူးဆိုတာ မေ့နေတာလား"
"သူ့ကိုအဲ့ဒီစကားမပြောနဲ့ ပါပါးကြီး!မျိုးရိုးမသိရလို့ရောဘာဖြစ်လဲ။ကျွန်တော်ချစ်နေရင်ရပြီ။သူလည်းကျွန်တော့်ကိုသစ္စာရှိရှိချစ်နေရင်ရပြီ"
"သစ္စာရှိရှိ?အဲ့လိုလူတွေကသစ္စာရှိမယ်လို့မင်းထင်နေတာလား?အီဟီဆွန်း မင်းမရင့်ကျက်သေးပါဘူး။ငါတို့လိုလူကို သစ္စာရှိရှိချစ်မယ့်လူဆိုတာ ရှိမလာနိုင်ဘူး...ဘာလို့လဲသိလား...ငါတို့ကသူတို့ထက်ပိုထူးကဲနေလို့ ငါတို့ကိုသူတို့အကျိုးအမြတ်အတွက် အသုံးချရမယ့်လူလို့မြင်နေလို့ပဲ။အချိန်တန်လို့ မင်းဆီကရှိသမျှသူတို့လိုချင်တာအကုန်ရပြီးရင် မင်းကိုဖြစ်ချင်ရာဖြစ်ဆိုပြီးပစ်ထားမယ့်ဟာတွေချည်းပဲ!လူတွေကိုလွယ်လွယ်နဲ့မယုံနဲ့။အေး...ရှင်းရှင်းပြောရင် ယုံကိုမယုံနဲ့!"
"ကျွန်တော့်ကိုပါပါးကြီးရဲ့တစ်ဖက်သတ်အမြင်တွေနဲ့လာမဆုံးဖြတ်နဲ့။ပါပါးကြီးသဘောတူတူ မတူတူ ကျွန်တော်ကသူ့ကိုပဲလက်ထပ်မှာ။မကျေနပ်ရင် အမွှေပြတ်စွန့်လွှတ်လိုက်။ပါပါးကြီးကျွေးမှစားရတဲ့လူမဟုတ်ဘူး...ကျွန်တော့်ဘာသာရပ်တည်နိုင်တယ်"
ဇွန်းနဲ့ခက်ရင်းအား 'ချွင်'ခနဲမြည်အောင်ချပြီး ထမင်းစားဝိုင်းမှထထွက်သွားသောဟီဆွန်းမှာ ဒေါသကြောင့်ထိုအိမ်ထဲမှာပင်မနေလိုတော့ဘဲ ကားကိုတရကြမ်းမောင်းကာ စိတ်အေးချမ်းရသောအသိုက်အမြုံလေးဆီထွက်လာမိသည်။ သူရှိတဲ့နေရာအထိ လူကိုယ်တိုင်လိုက်လာပြီး သူတို့နှစ်ယောက်ကိုသဘောမတူကြောင်းအပြင် ချစ်ရသူကိုပါစော်ကားသည့်စကားများကြောင့် ဆက်သည်းမခံနိုင်တော့။
YOU ARE READING
Under the red sky , Over the moonlight
Fanfiction"Stfu ! You belong to me!" Omegaverse x Heehoon ( Burmese )