"အဲလ်ဒန် မင်းဘယ်တွေသွား""ပတ်ဆောင်းဟွန်း!မင်းအခုချက်ချင်း ငါ့အခန်းထဲလာခဲ့"
ဧည့်ခန်းထဲတွင်ထိုင်နေသော ဒယ်ဒီမှာ စကားတောင်မဆုံးသေး အဲလ်ဒန့်အော်သံကြောင့် ဒယ်ဒီပင် အဲလ်ဒန်ကိုအကြောင်သားလှည့်ကြည့်လာတော့သည်။
ဧည့်ခန်းတံခါးကိုဝုန်းဒိုင်းဆွဲဖွင့်ယုံတင်မက အပေါ်ထပ်သို့တဒုန်းဒုန်းတက်သွားသောအဲလ်ဒန်ကြောင့် အိမ်ပင်ပြိုမတတ်။
"သားအစ်ကိုဘာဖြစ်လာတာလဲ"
အမေမေးတာကို ဆောင်းဟွန်းခေါင်းခါပြပြီး အဲလ်ဒန်နောက်သို့လိုက်သွားရသည်။
"ဒီညီအစ်ကိုနှစ်ယောက်ရန်ဖြစ်လာကြပြန်တာလား"
ဆောင်းဟွန်းအမေမှာ သားအရင်းဖြစ်သူနဲ့ဖအေတူမအေကွဲသားဖြစ်သူကိုကြည့်ရင်း ရေရွတ်လိုက်မိသည်။ အဲလ်ဒန်က ဆုံးပါးသွားပြီဖြစ်တဲ့ အမဖြစ်သူ၏သားမလို့ အဲလ်ဒန်ဆိုတာ သူ့ရဲ့တူသားလိုလူပင်... ဆောင်းဟွန်းနဲ့မတည့်အတူနေညီအစ်ကိုမလို့ ထိုနှစ်ယောက်ကတစ်ခါတစ်လေ တဂျစ်ဂျစ်ဖြစ်နေတတ်သည်လေ။
"မင်းငါ့ကိုဘယ်အချိန်ထိစိုက်ကြည့်နေမှာလဲ"
ဆောင်းဟွန်းအမေးကို အဲလ်ဒန်မဖြေ။ဆိုဖာနောက်ကျောကိုမှီကာ ခြေချိတ်ထိုင်လျက် မျက်နှာကိုချီပြီး
"မင်းနဲ့အဲ့ကောင်ကဘာတွေလဲ"
"ဘာမှမဟုတ်ဘူး။သူနဲ့ငါက သိတောင်မသိဘူး"
"ဆောင်းဟွန်း မင်းကမသိတဲ့လူတစ်ယောက်ကို နမ်းစရာလား!"
"အဲလ်ဒန် မင်းအသံကိုလျော့စမ်း"
"ချီးမှ မလျှော့နိုင်ဘူး။ပတ်ဆောင်းဟွန်း မင်းကြိုက်တဲ့လူနဲ့တွဲလို့ရတယ်၊နမ်းလို့ရတယ်၊မင်းကြိုက်တာလုပ်လို့ရတယ်...ဒါပေမယ့် အီသန်လီတော့မဖြစ်ဘူးကွ!"
"ငါကလည်း သူနဲ့ဖြစ်နေပါတယ်ပြောမိလို့လား။နမ်းတယ်ဆိုတာ မင်းထင်နေသလိုနမ်းတာမဟုတ်ဘူးသလို နမ်းတာလောက်နဲ့ ငါ့ဖက်ကဘာမှပဲ့မပါသွားဘူး"
အဲလ်ဒန် ဆောင်းဟွန်းကိုကြည့်ပြီး မျက်လုံးကိုလည်ကာ ခေါင်းတခါခါဖြင့်
YOU ARE READING
Under the red sky , Over the moonlight
Fanfiction"Stfu ! You belong to me!" Omegaverse x Heehoon ( Burmese )