ပစ်ခတ်မှုမဖြစ်ခင် တစ်ရက်အလိုဥက္ကဌကြီးမှစံအိမ်ပြန်လာရန်ပြောထားသည်ဖြစ်၍ အကြောင်းကိစ္စတစ်ခုခုရှိကြောင်း ခံစားမိရာ ဟီဆွန်းစံအိမ်ဆီသို့ပြန်လာခဲ့သည်။
ကားမှာစံအိမ်ဥယျာဉ်ဘေးကအဖြတ် အိမ်အပေါ်ထပ်သို့လှမ်းမျှော်ကြည့်မိတော့ သူ့စိတ်ကထင့်ခနဲ။ည(၉)နာရီစွန်းစွန်းသာဖြစ်၍ ဒီလိုအချိန်ဆိုအမြဲတစေမီးလင်းနေကျအယ်ဇရာ့အိပ်ခန်းက ထူးဆန်းစွာမီးရောင်နှင့်တူသည့်အရိပ်အရောင်ပင်မရှိ။
ဒီကလေးကညဆိုတော်ရုံအိပ်တတ်တာမဟုတ်မှန်းသူအသိဆုံးပဲ။အပြင်များရောက်နေလို့လား ဒါမှမဟုတ် နေများမကောင်းလို့ စောစောနားလေသလား။
သူဟာညီဖြစ်သူနဲ့ပတ်သက်ရင် ထိုသို့လည်းအမှတ်သညာကကြီးတတ်သေးသည်။
"အီသန်...."
ဟီဆွန်းမှာအထင်နဲ့လွဲမှားစွာ ကားပေါ်မှဆင်းဆင်းခြင်း တံခါးဝ၌အယ်ဇရာ့ကိုတွေ့လိုက်သည်။သို့သော် ထိုကလေးမျက်နှာကယခင်လိုလန်းလန်းဆန်းဆန်းမဟုတ်ခဲ့။
အတန်ငယ်စိုးရိမ်သွားချိန် သူ့ခြေလှမ်းတို့ကလည်း အယ်ဇရာ့နံဘေးရောက်လျက်သားဖြစ်သွားသည်။
"ဒါဘာဖြစ်ထားတာလဲ။ငိုထားတာလား"
မို့နေသောမျက်ခွံတို့ကြောင့် ဟီဆွန်းထိုကလေးငယ်၏ပါးပြင်အားအတန်ငယ်ထိကာမေးလိုက်တော့ ထိုကလေးအားတင်းပြုံးကာ ခေါင်းခါပြသည်။
"အယ်ဇရာ အခုအီသန့်ကိုလိမ်နေတာလား"
"ဟင့်အင်း။ အဲ့ဒါတွေထားပါ ကျွန်တော်ပြောစရာရှိတယ်"
"ဘာကိုလဲ"
"အဖိုး...သူသိသွားပြီ အီသန်"
"ဘာ! ဘာအဓိပ္ပာယ်လဲ ဒါ"
"ကျွန်တော်နဲ့အဲလ်ဒန်အကြောင်း အဖိုးသိသွားတာ"
ထိုစကားကြောင့် တင်းကြပ်သွားသောလက်ထိပ်တို့နောက် ခက်ထန်သွားသောမျက်ခုံးတို့။ဟီဆွန်း အိမ်အတွင်းပိုင်းသို့လှမ်းကြည့်လိုက်မိချိန် ဧည့်ခန်းဝ၌ရပ်နေသော ဥက္ကဌကြီးအားမြင်လိုက်၏။
YOU ARE READING
Under the red sky , Over the moonlight
Fiksi Penggemar"Stfu ! You belong to me!" Omegaverse x Heehoon ( Burmese )