Part - 12

1.8K 156 12
                                    


ပူလောင်လာတဲ့ခန္ဓာကိုယ်တစ်နေရာက တမြေ့မြေ့လောင်ကျွမ်းကာ တစ်စုံတစ်ခုကိုလိုအပ်လာခဲ့သည်။ တာဝေးပြေးထားတဲ့လူလို မောဟိုက်လာတဲ့အသက်ရှူသံတို့ထဲ တပ်မက်ခြင်းရာဂတို့ပျော်ဝင်လျက်....

ခန္ဓာကိုယ်ကတောင်းတမှုတစ်ချို့ကြောင့် သူကိုယ့်အခြေအနေကိုကိုယ်သိလိုက်သည်။လှောင်ပိတ်နေသောအခန်းတံခါးကိုတွန်းအဖွင့် မှောင်မိုက်နေသောခြံဝင်းကမီးရောင်ဖျော့ဖျော့လေးအောက်တိတ်ဆိတ်လျက်....

ဘီတာတွေသာရှိတဲ့နေရာမလို့ သူ့ pheromones အနံ့တွေဘယ်သူမှမရနိုင်ပေမယ့် ဒါကြီးကအခုချိန်ဖြစ်လို့မဖြစ်ဘူးမလား။ သေချာပေါက် ထိုလူဆီက temporary mark ကိုယူခဲ့တာတောင် heat cycle ကိုမထိန်းနိုင်တော့တာများလား။

"အယ်ဇရာ...မင်းမအိပ်သေးတာလား"

အခန်းတံခါးကိုကိုင်လျက် မူမမှန်သောထိုကောင်လေးကို ဇိန်း toile ကအပြန်မြင်လိုက်တော့ ထိုကောင်လေးအနားသွားကာလက်ကောက်ဝတ်မှဆွဲယူလိုက်ချိန် ပူလောင်နေသောအသားကြောင့် ဇိန်းလန့်သွားခဲ့သည်။

"ဟျောင်း.... ကျွန်တော်..."

"မင်းဘီတာမဟုတ်ဘူးမလား အယ်ဇရာ"

သူ့အမေးကိုမဖြေနိုင်ဘဲ မျက်ရည်စများရစ်သီလာသောအယ်ဇရာကို ဇိန်းတွဲထူတော့ ပျော့ခွေနေသောကိုယ်လေးကသူ့လက်ထဲပါလာတော့သည်။ ဇိန်းတစ်ခြားသူများမြင်မှာဆိုး၍ အယ်ဇရာ့ကိုသူ့အခန်းထဲသာခေါ်လာလိုက်ပြီး အခန်းဖော်ကောင်လေးအားအိပ်ရာမှနိုးကာ

"ဆောင်းဟွန်းကိုမြန်မြန်သွားခေါ်ပေး။ငါ့အခန်းကိုအခုချက်ချင်းလာခဲ့လို့"

ထိုကောင်လေးမှာဇိန်းလက်ထဲမှအယ်ဇရာ့အခြေအနေကိုနားမလည်ပေမယ့် အခန်းထဲမှအမြန်ထွက်ကာ ဆောင်းဟွန်းရှိရာအဆောင်ဖက်သို့ပြေးလာခဲ့သည်။ဇိန်း အယ်ဇရာ့ကိုသူ့အိပ်ရာဖက်၌ချပေးပြီး

"Heat တားဆေးပါလား အယ်ဇရာ။မဟုတ်မှ...ဒါမင်းရဲ့ပထမဆုံးလို့တော့မပြောနဲ့နော်"

ဇိန်းအားရီဝေသောအကြည့်တို့ဖြင့်ကြည့်လာသောအယ်ဇရာမှာ

"ဟျောင်း...သူ့ကိုခေါ်ပေးပါ။ကျွန်တော်အဲ့ဒီလူကိုလိုအပ်တယ် ဟာ့"

Under the red sky , Over the moonlightWhere stories live. Discover now