Part - 7

1.5K 165 22
                                    


မနက်ခင်းအတန်းချိန်၌ဆူညံနေသောအခန်းက slide door ဖွင့်သံကြောင့် တစ်ခဏချင်းငြိမ်သွားကာ တံခါးဝမှလူဆီအာရုံရောက်သွားကြသည်။

ဆောင်းဟွန်းလည်း စာဖတ်နေရာမှ အသံလာရာကိုကြည့်လိုက်ချိန် professor နဲ့အတူဝင်လာသောသူကြောင့် တစ်နေ့ကဆရာပြောထားတာအမှတ်ရလိုက်သည်။

အဖြူရောင်ရှပ်ကိုလက်တံတောင်ထိခေါက်တင်ထားပြီး ပိန်သွယ်သောကိုယ်နေဟန်ထားဖြင့် သွယ်လျလျမျက်နှာကျထက် အဝိုင်းပုံစံမှန်ကိုင်းက ထိုလူရဲ့အသက်ကိုလိမ်ထားသလားအောက်မေ့ရသည်....

"မင်းတို့ကိုမိတ်ဆက်ပေးရမယ်... ဒါဆရာတို့ကျောင်းကို အသစ်ပြောင်းလာတဲ့(ဒု)ပါမောက္ခ Dr.Logan...မင်းမိတ်ဆက်လိုက်ဦး"

Professor စကားအဆုံး ထိုအမျိုးသားမှာ ခေါင်းတစ်ချက်ညိတ်ပြ၍ တစ်ခန်းလုံးကိုချုံငုံကြည့်ကာ ပြုံးလိုက်ပြီး

"အကုန်လုံးကိုတွေ့ရတာဝမ်းသာပါတယ်။ဆရာက Business law ကို England မှာ Ph.D ပြီးပြီ မင်းတို့ဆီကို (ဒု)ပါချုပ်အနေနဲ့ transfer နဲ့ပြောင်းလာတဲ့ Dr.Logan ပါ။ Final year တွေဆိုတော့ တစ်နှစ်ပဲဆရာနဲ့တွေ့ရတော့မှာပေမယ့် ဒီတစ်နှစ်မှာဆရာ့ကိုလိုအပ်တာရှိတာတွေလာပြောလို့ရပါတယ်။ သိချင်တာရှိရင်လည်း အခုတစ်ခါထဲမေးလို့လည်းအဆင်ပြေတယ်"

ဆရာ့ဆီကခွင့်ပြုချက်ရသည်နဲ့ အတန်းထဲမှာမိန်းကလေးများမှာအလုအယက််လက်ထောင်ပြီး

"ဒုပါချုပ်ဆီမှာမှာချစ်သူရှိလားဟင်"

တစ်ခန်းလုံးသိချင်နေသောမေးခွန်းအားမေးလိုက်ရာ ဆရာမှာခပ်ဖွဖွရယ်ပြီး

"ဆရာ့ဆီမှာအိမ်ထောင်ဖက်ရှိပါတယ်..."

အတန်းထဲမှစိတ်ပျက်သွားကျသောအသံတစ်ချို့နောက် ဆောင်းဟွန်းခေါင်းခါလိုက်မိသည်။တကယ်ပဲ အတန်းထဲကဟာတွေက်ိုသူမနိုင်ဘူး။ တစ်ယောက်တစ်ပေါက်မေးလာသောအရာနောက် ဆရာကနောက်ဆုံးမေးခွန်းဟုပြောလာချိန်

"ဒါ...မေးလို့ရလားမသိပေမယ့် ဆရာက အယ်လ်ဖာ၊ ဘီတာ or အိုမီဂါဆိုတာသိခွင့်ရှိမလားဗျ"

ကောင်လေးတစ်ယောက်အမေး၌တစ်ခန်းလုံးငြိမ်သွားပြီး ဆရာ့မျက်နှာမှာခဏဆွံ့အသွားသည်။ဆောင်းဟွန်းလည်းသိလိုစိတ်ဖဖြင့် ဆရာ့မျက်နှာကိုကြည့်လိုက်တော့ တစ်ခဏအတွင်းအပြုံးတစ်ပွင့်ဆင်လိုက်သူမှာ ကြည်လင်သောအသံဖြင့်

Under the red sky , Over the moonlightWhere stories live. Discover now