Part - 13

1.6K 169 45
                                    


သိပ်သည်းသောနှင်းစက်များနဲ့ရောယှက်သည့် မိုးနှင်းတို့ကား တံတားအောက်ဖက်ရှိ ခြောက်သွေ့သောမြေပြင်ထံ တသဲ့သဲ့သက်ဆင်းနေတော့သည်။အထက်ဖက်ကားလမ်းမပေါ်၌ဖြတ်သွားဖြတ်လာယာဉ်များလည်းသိပ်မရှိ၍ အရာရာဟာတိတ်ဆိတ်လျက်။

မှိန်ဖျသော လမ်းမီးဝါကျဉ်ကျဉ်တို့က တစ်တိုင်နဲ့တစ်တိုင် အတော်အတန်ဝေးကွာ၍ထင် အမှောင်ဖက်ခြမ်းရပ်နေသာသူ၏ အရိပ်ကိုပင် သဲသဲကွဲကွဲမမြင်ရပေ။အတန်ငယ်ဝေးကွာသော စက်ရုံဆီမှ မီးခိုးငွေ့သဲ့သဲ့တို့သည် အဖြူရောင်မိုးနှင်းတို့ကြား မှိုင်းပျပျဖြစ်နေခဲ့သည်။

ထိုစဉ် အဝေးတစ်နေရာမှာ ကားမီးရောင်ကား တံတားအောက်ဖက်ဆီသို့ တဖြည်းဖြည်းနီးကပ်လာခဲ့သည်။အဲလ်ဒန် သူ့ကားရှိရာဆီကျောခိုင်းကာ တံတားအောက်ဖက်၌ရပ်နေသော ရင်းနှီးခဲ့ဖူးသည့်ကျောပြင်ကြောင့် ကားပေါ်မှဆင်းကာ ထိုလူဆီအသွား

"ဘာကိစ္စမလို့...."

ခွပ်

စကားပင်မဆုံးသေး သူ့ဖက်သို့လှည့်လှည့်ခြင်း ဝင်လာသောလက်သီးကိုကာကွယ်ဖို့အချိန်မမှီလိုက်ပေမယ့် ထပ်မံသက်ဆင်းလာမည့်အီသန့်၏လက်ကိုဖမ်းချုပ်လိုက်နိုင်သည်။

"Fuck! မင်းရူးနေတာလား"

"စောက်ပါးစပ်ပိတ်ထား"

မပြင်းသော်ငြား မပျော့ပြောင်းလှသောလေသံက အီသန်လီအကြောင်းနားလည်ဖူးသောအဲလ်ဒန်မှာ ထိုလူမည်မျှဒေါသထွက်နေလည်းခန့်မှန်းမိသည်။

သို့သော်ငြား အကြောင်းအရင်းမရှိ အခွံလွှတ်အထိုးခံရသောကြောင့် သူကိုယ်၌ပင်သွေးဆူသွားခဲ့သလို အီသန်လီ၏ ထိုးချက်များကိုပြန်ကာကွယ်ရင်း သိပ်မကြာလိုက်သူတို့နှစ်ဦး၏ခြေသံတို့သာ နှင်းလွှာတို့အောက်ပဲ့တင်သံထပ်ကျန်ရစ်သည်။

အီသန့်ထံမှ လွှင့်ပျံံ့လာသည့် စန္ဒကူးရနံ့တို့ကား သိပ်သည်းလွန်းပြီး ဆွဲဆောင်မှုရှိသောရနံ့ဖြစ်သော်ငြား ယခုတွင်တော့ ထိုရနံ့ကားတစ်ဖက်လူ၏အကြောက်တရားကိုလှုံ့ဆော်လျက်....

အဲလ်ဒန့်နေရာ၌ အခြားသူသာဆိုပါက အီသန်လီအားခုခံနိုင်မည်တောင်မဟုတ်။

Under the red sky , Over the moonlightWhere stories live. Discover now