Part - 15

1.7K 154 55
                                    


ကျောင်းဖွင့်သည့်နေ့မလို့ ဆောင်းဟွန်းအီသန့်ကိုလိုက်မပို့နိုင်သလို လိုက်ပို့ချင်ရင်တောင် သူ့စိတ်ကခွင့်မပြုခဲ့။မနေ့ညကဖုန်းပြောပြီးကတည်းက သူ့စိတ်တွေလေးလံနေခဲ့တာ....သူမျက်နှာမကောင်းမှန်းသိတဲ့ ဇိန်းကလည်း မနက်အိမ်ကထွက်ကတည်းက စကားတစ်ခွန်းမှမဆိုလာခဲ့ပေ။

ကျောင်းရောက်၍ စာသင်ချိန်နှစ်ချိန်အပြီး ကန်တင်း၌ထိုင်နေတုန်း ကန်တင်းထဲဝင်လာသည့် ကလေးမှာ ဆောင်းဟွန်းဆီတန်းတန်းမတ်မတ်ပြေးလာသည်ကိုမြင်တော့ ဆောင်းဟွန်းမုန့်ဗန်းကိုလက်တစ်ဖြင့်ထိန်းကာ ထိုကလေးကိုကျန်လက်ဖြင့်ပွေ့ချီလိုက်သည်။

"ဂျွန်နသန်...ပါပါးဆီအလည်လာတာလား"

ဆရာ့ကလေးမှာ မကြာမကြာကျောင်းကိုပါလာတတ်တော့ သူနဲ့ပင်အတော်ရင်းနှီးနေခဲ့ပြီ။ ထိုကလေးကလည်း သူ့ကိုဆိုခင်တွယ်လွန်း၍ သူကလည်းအချစ်ပိုရသည်။

"အင်း။ဆောင်းဟွန်းဟျောင်းကိုတွေ့လို့ပါပါးဆီကနေထွက်လာတာ"

"လုပ်ပြန်ပြီ။ခဏခဏ ပါးဆီကနေထွက်ပြေးမနေနဲ့လေ။ မင်းပျောက်သွားလို့ စိတ်ပူနေမယ်"

ထိုအခါ ဂျွန်နသန်မှာမသိချင်ယောင်ဆောင်ပြီးမျက်လုံးကိုကလယ်ကလယ်လုပ်ပြတော့သည်။သိပ်မကြာလိုက် ကန်တင်းအဝ၌သူတို့အားကြည့်နေသောဂျွန်နသန့်ဒယ်ဒီက

"ထင်တဲ့အတိုင်း မင်းဆီကိုရောက်နေပြန်တာပဲ"

"ဂျွန်နသန်ပျောက်နေရင် ကျွန်တော့်ဆီမှာပဲလာရှာလို့ရလောက်တယ်"

ဆောင်းဟွန်း ထိုကလေးကိုခုံပေါ်ချပေးပြီး ဘေး၌ဝင်ထိုင်လိုက်သည်။ ဂျွန်နသန့်ဒယ်ဒီကလည်းသူတို့ရှေ့၌ထိုင်လိုက်ကာ

"မင်းကိုပဲသူအဲ့လိုမျိုးတွယ်ကပ်တာ။ တစ်ခြားလူတွေနဲ့ဆို ပြုံးတောင်မပြုံးတဲ့ကလေးက ဆောင်းဟွန်းဟျောင်းဆိုတဲ့အသံကြားတာနဲ့ အမြှီးပါနှံ့နေတာလေ"

"ဟက်...ဂျွန်နသန်ကတစ်ဦးတည်းသောသားဖြစ်လို့နေမယ် အဖော်မင်တတ်တာက"

ဆောင်းဟွန်းစကားကြောင့် သူ့မနက်စာကိုယူစားနေသောကလေးမှာ ခေါင်းထောင်လာပြီး

Under the red sky , Over the moonlightWhere stories live. Discover now