Part - 21

1.5K 156 42
                                    


အချစ်ဆိုတာဘာမှန်းမသိခင်ကတော့ အဲ့ဒီအရာကိုနားမလည်ခဲ့ဘူးဆိုတာ ယုံကြလေမလား။ ရင်ခုန်တိုင်းလည်းအချစ်မဟုတ်ဘူး၊သဘောကျမိတိုင်းလည်း အချစ်မဟုတ်ဘူးတဲ့...အဲ့လိုဆိုမှတော့ ချစ်မိတယ်ဆိုတာကို ဘယ်လိုသိနိုင်ပါတော့မလဲ။

ခဏခဏထုတ်ခဲ့ဖူးတဲ့မေးခွန်းရဲ့အဖြေကို အဲ့ဒီလူကိုမြင်ပြီးတဲ့နောက် ပထမဆုံးသဘောပေါက်သယောင်ဖြစ်သွားတယ်။

ဗိုက်ထဲမှာလိပ်ပြာတွေပျံနေတယ်ဆိုတဲ့ခံစားချက်က အပိုမဟုတ်မှန်း၊ အဲ့ဒီလူနဲ့နီးကပ်လာတာနဲ့ ကိုယ်တိုင်ကတည်ငြိမ်တဲ့လူပင်ဖြစ်လင့်ကစား ရင်ထဲမှာမိုင်ပေါင်း ၃၀၀၀ လောက် ခြေလျင်ပြေးနေခဲ့ပြီး မျက်လုံးချင်းဆုံတာနဲ့တောင် အပြုံးဆိုတာဟာအလိုလိုဖြစ်တည်လာခဲ့တယ်။

အဲ့ဒါကိုလူတွေကခေါ်ကြတယ် အချစ်တဲ့။

•••••••••••••

လူခေါ်စက်အသံမှာအဆက်မပြတ်ထွက်ပေါ်နေ၍ မဖွင့်ချင်သောမျက်လုံးကိုအတင်းဖွင့်ကာ အိပ်ရာထက်အတန်ငယ်လှုပ်ရှားလိုက်မိချိန် ခါးပေါ်သို့ရောက်လာသောအထိအတွေ့က ကလေးငယ်များကိုချော့သိပ်နေသလို။

"အိပ်နေ။ကိုယ်သွားဖွင့်လိုက်မယ်"

"အဲလ်ဒန်...."

ဝေဝါးနေသောမြင်ကွင်းဖြစ်သော်ငြား ထိုလူ့ဆီမှသင်းပျံ့နေသည့် ဆပ်ပြာနံ့သင်းသင်းကြောင့် မကြာသေးခင်ကမှရေချိုးထားသည့်ပုံပင်။

နိုးလာပြီဖြစ်သည့်သူ့နဖူးထက် အနမ်းတစ်ပွင့်ပေးခဲ့ကာ အပြင်ထွက်သွားပြီးနောက် သူလည်းအိပ်ရာထက်မှထလိုက်သည်။

"ဇိန်းရော...."

"အခန်းထဲမှာအိပ်နေတယ်။ဒီကိုဘာလာလုပ်တာလဲ"

"အဲ့ဒါမင်းကိုမေးရမှာမလား။ ထားပါ...ဇိန်းကိုအရင်ခေါ်ပေး"

ဇိန်းမှာ ဧည့်ခန်းထဲမှစကားသံကြောင့် ဘယ်သူလည်းဆိုတာသိသိခြင်း အိပ်ရာမှထကာ အပြင်သို့ထွက်လာခဲ့သည်။

ဧည့်ခန်း၌ စကားရပ်ပြောနေသောဆောင်းဟွန်းမှာ အဲလ်ဒန့်အားတစ်ခုခုပြောနေသည့်ပုံ။

Under the red sky , Over the moonlightWhere stories live. Discover now