Part - 16

1.7K 158 26
                                    


တိုက်ခန်းတံခါးအား ကျယ်လောင်စွာပိတ်သံနောက် လှေကားထက်မှ လျင်မြန်စွာပြေးဆင်းသွားသောခြေလှမ်းတို့။ အနောက်ပါးဆီမှ အော်ဟစ်သံတို့မမှီလာခဲ့ လူရှုပ်သည့်လမ်းမဆီသို့ရောက်အောင်သာပြေးလာခဲ့သည်။

တစ်ကိုယ်လုံးအနက်ရောက်ဝတ်ဆင်ထားသည်သာမက မျက်နှာကိုမမြင်ရအောင်ပါ ဦးထုပ်နဲ့mask အနက်ရောင်ကိုတပ်ဆင်းထားသူမှာ လန်ဒန်မြို့၏ညကောင်းကင်အောက် မနားတမ်းပြေးလွှားနေခဲ့သည်။

လူသွားလမ်းပေါ်ရောက်သည်နှင့် ရပ်ထားသော တက္ကစီတစ်စီးပေါ်အမြန်တက်ကာ လိပ်စာအားပြောလိုက်ပြီးနောက် ကားဘီးစတင်ရွေ့တော့မှ သက်ပြင်းချလိုက်မိသည်။ တက္ကစီထွက်ခွါချိန် ပလက်ဖောင်းပေါ်၌ကျန်ရစ်ခဲ့သော ဖိတ်စာတစ်စောင်မှာ ဘေးမှဖြတ်သွားသော ကားတို့၏အရှိန်ကြောင့် လေ၌လွှင့်ပါကာ ရေနုတ်မြောင်းငယ်ထဲသို့ သက်ဆင်းသွားတော့သည်။

ညသန်းခေါင်ကြီး အိပ်ခန်းအပြင်မှ ကြမ်းတမ်းသောခြေသံတို့ကြောင့် အိပ်မပျော်သောစိတ်အစုံမှာ နိုးနိုးကြားကြားဖြစ်သွားခဲ့သည်။ လိုဂန် အခန်းတံခါးကိုဆွဲအဖွင့် အပြင်မှတွန်းဖွင့်လိုက်သူကြောင့် ထိတ်လန့်သွားကာ

"ဆွန်း....မင်း ဘာလာလုပ်တာလဲ"

မတွေ့ရတော့တာ တစ်ပတ်ကျော်ကြာပြီဖြစ်သောထိုသူ့က မျက်နှာမမြင်အောင်ဖုံးထားသော်ငြား ရင်းနှီးနေသော အငွေ့အသက်ကို သူမေ့မရ။ ဟီဆွန်းမှာ mask ကိုဆွဲချွတ်လိုက်ချိန် အမြဲလိုလို ငယ်ရွယ်မှုတို့ဖြင့် ဆွဲဆောင်မှုရှိခဲ့သော ထိုလူသားမျက်နှာမှာ သိသိသာသာကို ချောင်ကျသွားခဲ့သည်။ ထိုသို့ဖြစ်ရခြင်း၏ တရားခံက သူမှလွဲ၍အခြားသူမဖြစ်နိုင်....

"တကယ်ပဲလား..."

"ဘာ-ဘာကိုလဲ ဆွန်း"

Under the red sky , Over the moonlightWhere stories live. Discover now