Part - 10

1.3K 105 4
                                    


ဆေးရုံဆေးခန်းဆိုလျှင် သိပ်မရောက်ဖြစ်သောသူမှာ ကာားကိုပါကင်ဝင်းထဲထိုးပြီးနောက် ဆေးရုံထဲသို့ဝင်လာလိုက်သည်။

"ပတ်ဆောင်းဟွန်း ဝင်လို့ရပါပြီနော်"

သူနာပြုမလေး၏နာမည်ခေါ်သံကြောင့် အခန်းထဲဝင်လာလိုက်တော့

"နာမည်ကြားကတည်းက မင်းလို့ထင်သားပဲ။ အမတို့မတွေ့ရတာ ဘယ်လောက်တောင်ကြာပြီလဲ ဆောင်းဟွန်း"

ကြည်လင်သောအပြုံးဖြင့်နှုတ်ဆက်ကာ မေးလာသောဆရာဝန်မလေးအား ဆောင်းဟွန်း စားပွဲရှေ့ရှိဆိုဖာ၌ဝင်ထိုင်ကာ

"အဲလ်ဒန်ကားအက်ဆီးဒင့်ဖြစ်တဲ့နှစ်မှာ နောက်ဆုံးတွေ့ခဲ့တာဆိုတော့ ၇နှစ်လောက်ရှိမလား"

"အဲ့လောက်တောင်ကြာသွားပြီလား။ အမက မင်းကို social media မှာတွေ့နေကြဆိုတော့ အချိန်တွေကုန်သွားတာ ဒီလောက်မြန်မယ်မှန်းသတိမထားမိဘူး။မှန်းစမ်း...မင်း...ပိုလှလာတာလား...?"

သူ့ကိုအကဲခတ်ရင်း ဆိုလာချိန် ဆောင်းဟွန်းတစ်စုံတစ်ရာကိုရိပ်မိသွားရန်မျှော်လင့်ခဲ့သည်။ သူ့အားအတန်ကြာစူးစိုက်ကြည့်နေသူမှာ အစကတောက်ပသောမျက်ဝန်းတို့ထက် အတန်ငယ်တွန့်သွားကာ

"ဆောင်းဟွန်း...မဟုတ်မှ!"

ထိုအချင်းအရာကိုဆောင်းဟွန်းအပြုံးဖျော့ဖျော့ဖြင့်တုန်ပြန်လိုက်ရာ သူမ,မှာ အခန်းတံခါးဝသို့လျှောက်သွားပြီး သူနာပြုမလေးအားတစ်စုံတစ်ခုပြောကာ တံခါးအားလော့ခ်ချလိုက်သည်။ ထို့နောက်သူ့အရှေ့တွင်ထိုင်လျက်

"မင်းသူ့ကိုရှာတွေ့ခဲ့ပြီလား ဆောင်းဟွန်း။မင်းဘယ်လိုသိသွားတာလဲ"

"အင်း။အစကမသေချာပေမယ့် အခုတော့သူဆိုတာကျိမ်းသေတယ်။သူ့ရဲ့ pheromones အနံ့တွေ ကျွန်တော်ရတယ်။ဘယ်ကတကည်းက အဲ့ဒီအနံ့ရနေခဲ့လည်းမသိပေမယ့် နောက်ပိုင်းသူ့အနားကိုရောက်ရင် သိသိသာသာခံစားလာမိတာ"

အီသန့်ရဲ့ စန္ဒကူးနံ့သင်းသော pheromones တွေကို သူသဲသဲကွဲကွဲခံစားမိသည်။ အခြားအယ်လ်ဖာ နဲ့ အိုမီဂါတွေရဲ့ pheromones ကိုမခံစားနိုင်သေးပေမယ့် အီသန်ကတော့ချွင်းချက်ပင်။

Under the red sky , Over the moonlightWhere stories live. Discover now