ကျီကျီကျာကျာအော်မြည်နေသောစာငှက်တို့သည် သစ်ကိုင်းထက်နားကာ တေးဆိုနေကြသည်။သစ်ကိုင်းများထက်နားနေသော ငှက်ကလေးများကြား သစ်ကိုင်းနှစ်ခွကြားရှိ အသိုက်ကသစ်ရွက်တို့ဖြင်ဖုံးကာနေခဲ့သည်။
ထိုအသိုက်ငယ်ထဲမှ တောင်ပံကိုဖွင့်ဟ၍ ကောင်းကင်ယံတစ်ခွင်ပထမဆုံးအကြိမ်ပျံသန်းရန်အရှိန်ယူနေသော အပျံသင်စစာငှက်လေးတစ်ကောင်မှာ တွန့်ဆုတ်နေဟန်။ တောင်ပံကိုမဝံ့ရဲစွာဖွင့်၍ တဖြတ်ဖြတ်မည်ကာပျံရုံရှိသေး ထိုငှက်ငယ်မှာ ဟန်ချက်ပျက်၍ မြေပြင်ပေါ်သို့ပြုတ်ကျလာခဲ့သည်။
သို့သော်ငြား မြေသားထုရှိသည့်အပေါ်ပြုတ်မကျဘဲ ဖွင့်ထားသည့်စာအုပ်အပေါ်သို့ပြုတ်ကျသွား၍ နာကျင်သွားသည့်ပုံမပေါ်။စာအုပ်ထက်မှထရန်ပြင်ချိန် သေးသွယ်သောလက်တစ်စုံက ထိုစာငှက်လေးက ညင်သာစွာကိုင်တွယ်လာခဲ့သည်။
"နာသွားသေးလား။သတိထားမှပေါ့....မြေကြီးပေါ်ကျရင် ထိခိုက်ကုန်မှာကို"
ရန်သူထင်၍ တကျီကျီအော်မြည်ကာ ရုန်းကန်နေသောစာငှက်ငယ်မှာ ချိုသာသောအသံကြောင့် ငြိမ်သက်သွားခဲ့သည်။ကိုင်တွယ်ထားသောလက်ပိုင်ရှင်၏မျက်လုံးတို့နှင့်ဆုံသွားချိန် စာငှက်ငယ်မှာလောကကြီးမှ လူတစ်ယောက်အား ပထမဆုံးအကြိမ်တွေ့ဖူးသည့်အလားကြည့်လာခဲ့သည်။
"အပျံသင်ပေးမယ့်အမေမရှိလို့လား။အဲ့ဒါဆိုရင် ငါနဲ့အတူနေမလား။ ငါ့ဆီမှာလာနေရင် အစာလည်းကောင်းကောင်းစားရမယ်၊အပျံလည်းသင်စရာမလိုဘူးလေ"
ယုယစွာကိုင်တွယ်ထားသောစာငှက်ငယ်အားစကားများအဆက်မပြတ်ပြောနေချိန် ထိုသူထိုင်နေရာပင်စည်နောက်မှထွက်ပေါ်လာသောရယ်သံတစ်ခု။ အသံလာရာကို လှည့်ကြည့်လိုက်တော့ သစ်ပင်ပင်စည်အားမှီ၍ လက်ကိုပိုက်ကာရပ်နေသူတစ်ယောက်အားတွေ့လိုက်သည်။
ထင်းနေသောမေးရိုးကား မျက်နှာကျသွယ်ပုံရသည့်ထိုသူနှင့်လိုက်ဖက်စွာ ဖြောင့်စင်းသောနှာတံက လျှောတစ်ခုအလား။ဘေးတိုက်မြင်ရုံဖြင့် ပါးလျမှန်းသိသာသောနှုတ်ခမ်းဖျားတို့မှာအထက်သို့ကွေးညွှန့်နေခဲ့သည်။
YOU ARE READING
Under the red sky , Over the moonlight
Fanfiction"Stfu ! You belong to me!" Omegaverse x Heehoon ( Burmese )