Part - 6

1.4K 177 5
                                    


နံနက်ခင်းနေခြည်ဖျော့ဖျော့ကားစာသင်ခန်းပြဝင်းဝအားဖြတ်ကာ projector ရှေ့ရှိ စားပွဲထက်မှ စာရွက်များပေါ်ပြေးလွှားနေသောလက်နုနုတစ်စုံပေါ်ဖြာကျလျက်။

အရိပ်ထင်ရာစာရွက်ဖြူတိို့ပေါ်၌ လှုပ်လီလှုပ်လဲ့ဖြစ်နေသော ဖောင်တိန်အရိပ်ထက် အုံ့မိုးလာသောအရိပ်တစ်ခုကြောင့် စာရေးနေသူမှာခပ်သာသာပြုံးလိုက်မိသည်။ သူ့အနောက်တွင်ရပ်နေသောသူမှာ အဘယ်သူနည်းခန့်မှန်းစရာမလိုပေ။

အနောက်သို့လှည့်မကြည့်ဘဲရေးလက်စကိုဆက်ရေးပြန်တော့ အနောက်ဖက်မှစိတ်မရှည်သောသူမှာ ခါးသိမ်သိမ်နောက်မှပွေ့ဖက်လာရာ

"စာသင်ခန်းထဲမှာဘယ်လိုဖြစ်နေတာလဲ ဆွန်း"

လေသံကိုအတန်ငယ်တင်းတင်းဆိုတော့ နှာမှုတ်သံနဲ့အတူပိုတင်းကြပ်လာသောခါးပေါ်မှလက်တစ်စုံကြောင့် ဖောင်တိန်အားချလျက်ထိုလက်ပေါ်အုပ်ကိုင်လိုက်မှ မကျေနပ်သောအသံဖြင့်

"ကိုယ့်ချစ်သူကိုလျစ်လျူရှုရဲတယ်ပေါ့ ဟုတ်လား"

"Don't make a joke...ကိုယ်ဘယ်မှာလျစ်လျူရှုနေလို့လဲ"

"ကျွန်တော်ရောက်နေတာသိရက်နဲ့ အဲ့စာရွက်တွေကိုအာရုံစိုက်နေနိုင်တာ။ စာကကျွန်တော့်ထက်ပိုအရေးကြီးလို့လား ပါမောက္ခပေါက်စရဲ့"

ထိုအခါမှ သူ့ဖက်ကိုလှည့်လာသောသူမှာမျက်စောင်းတစ်ချက်ထိုးပြီး

"ငဂျစ်လေး... မင်းတို့စာမေးပွဲအဖြေတွေပြန်စစ်နေရတာ ဘယ်လောက်အလုပ်ရှုပ်လိုက်လဲ"

"အဲ့ဒါတွေနောက်ထား...ဒီနေ့ကျောင်းဆင်းရင် ကျွန်တော်နဲ့အတူပြန်ရမယ်"

"ကိုယ်အလုပ်ရှိသေးတယ် ဆွန်း"

"ကျစ်...မလိုချင်ဘူး။ခင်ဗျားဒီလိုနဲ့ကျွန်တော့်ဆီကပတ်ပြေးနေတာ ဘယ်နှပတ်ရှိနေပြီလဲ။ဆင်ခြင်တွေမလိုချင်ဘူး...အတူမပြန်ရင် ခင်ဗျားနဲ့ကျွန်တော့်အကြောင်းတစ်ကျောင်းလုံးသိအောင်ပြောလိုက်မှာ"

ဟီဆွန်း၏အကြပ်ကိုင်မှုကြောင့် စုကြုံ့သွားသောမျက်ခုံးနုနုကို သူကျေနပ်စွာကြည့်လိုက်သည်။စိတ်ကောက်တတ်တာကလည်း လွန်ပါရောဗျာ...

Under the red sky , Over the moonlightWhere stories live. Discover now