သူရကန်စက်သည် အရှေ့ကျွန်းဆီမှထွက်ပေါ်လာသည်နှင့်အတူ နှင်းငွေ့လွှင်သော အာကာယံသည်လည်း နွေသင်းရနံ့တို့တစ်စတစ်စလွှမ်းခြုံလာခဲ့သည်။ဖြည်းညင်းစွာပိတ်ထားသောမျက်ခွံများကိုဖွင့်ကြည့်တော့ အခန်းထဲသို့ နေအလင်းရောင်ပင်အတော်ဝင်နေချေပြီ။
အချိန်ကိုကြည့်လိုက်တော့ ၉နာရီထိုးလုဆဲဆဲ ... အီသန်နဲ့အတူအိပ်ပျော်သွားပြီး အိပ်ရာနိုးရင်တော်ရုံပြန်မအိပ်တတ်တဲ့သူတောင် လေးနာရီလောက်အိပ်မောကျသွားတာက ထူးဆန်းလှသည်။
ဘေးဖက်ကအီသန့်နေရာကိုလှည့်ကြည့်လိုက်တော့ ဗလာနတ္ထထိဖြစ်နေသောအိပ်ရာမှာ တွန့်ကြေရာတစ်ခုလေးတောင်မရှိခဲ့။ ထိုနေရာကိုလက်ဖြင့်အသာထိမိတော့ ခပ်ငွေ့ငွေ့အနွေးဓာတ်လေးမှာမပျောက်သေးပေ။
အီသန်ထသွားတာမကြာသေးဘူးပဲ ဆိုသည့်အသိကြောင့် သူခပ်သာသာပြုံးလိုက်မိသည်။
ထိုအချိန် ရေချိုးခန်းတံခါးဖွင့်သံကြောင့် ကုတင်ပေါ်ထိုင်လျက်သား အသံလာရာသို့လှည့်ကြည့်လိုက်၏။ အီသန်မှာ ကိုယ်တစ်ပိုင်းတည်းသာ အဝတ်ဖြင့်ကွယ်ထားရာ ထိုသူ၏ဝမ်းဗိုက် နှင့် ရင်အုပ်ကားအကာအကွယ်မဲ့လျက်။
မနက်စောစောစီးစီးအီသန့်၏ထိုပုံစံမှာသူနှင့်အကျွမ်းဝင်သော်ငြား ထိုပုံစံကိုမြင်လေတိုင်း သူ့နှလုံးသားမှာ အငြိမ်မနေနိုင်ပေ။ ပိုင်ရှင်ကိုတော့သိပ်သိတတ်တဲ့ နှလုံးသား။
အီသန်မှာလည်း သူ့ကိုမြင်သည်နှင့် ပြုံးလျက်အနားသို့လျှောက်လာခဲ့သည်။
"နိုးလာပြီလား ကိုယ်ကခဏနေမှအိပ်ရာနိုးပေးမလို့ကို"
ထိုစကားကို အသိပေးခြင်းမရှိ သူ့နှုတ်ခမ်းထက်အနမ်းပေးရင်းဆိုလာသည်။
အီသန့်၏မနက်ခင်းအနမ်းအား တုန့်ဆိုင်းခြင်း အံ့ဩခြင်းတောင်မရှိဘဲပြန်တုန့်ပြန်လိုက်သည့် ဆောင်းဟွန်းမှာ ထိုအရာသည် အကြင်သူ့အတွက် သမာရိုးကျအလေ့အထတစ်ခုနှယ်။
စက္ကန့်ပိုင်းမျှသာရှိသောအနမ်းကိုဖယ်ခွါပြီးနောက် အီသန်မှာ သူ့ဘေး၌ထိုင်လာခဲ့သည်။
YOU ARE READING
Under the red sky , Over the moonlight
Fanfiction"Stfu ! You belong to me!" Omegaverse x Heehoon ( Burmese )