Part - 11

1.5K 157 17
                                    


"ပတ်ဆောင်းဟွန်းဆိုတာကိုသိလား ကျဲ"

လက်ဖက်ရည်ခွက်ကိုနှုတ်ခမ်းနားတေ့ရုံရှိသေး တစ်ဖက်သူမေးလာသောမေးခွန်းကြောင့် လီမိန်လှုပ်ရှားမှုတို့ရပ်တန့်သွားပြီး

"အဲ့ဒီနာမည်ဘယ်ကသိခဲ့တာလဲ"

ရှိုက်ဖိုကြီးငယ်တို့ဖော်ထားကာ အနီရောင်ပိုးထည်ဖြင့်သူမက လီမိန်အားခပ်ပြုံးပြုံးကြည့်ကာ နံဘေးတွင်ရှိသောလှောင်ချိုင့်ထဲမှ အစိမ်းနဲ့အနီစပ်သောကြက်တူရွေးလေးအားအစာကျွေးရင်း

"မနက်ဖြန်ကျရင် ပါးက ဒုတိယသမ္မတနဲ့ညစာစားပွဲကိုလိုက်ခဲ့ဖို့ ညီမကိုပါခေါ်ထားတယ်။ဒုတိယသမ္မတရဲ့မြေးအကြီးဆုံးလည်းလာမယ်တဲ့... ညီမကအခုမှဒီကိုပြန်ရောက်တော့ အဲ့ဒီလူဘယ်သူလည်းမသိဘူးလေ။ အဲ့ဒါနဲ့ ဒုသမ္မတရဲ့မြေးဆိုတာရှာကြည့်တော့ နာမည်ကြီးနေတဲ့ အီသန်လီဖြစ်နေမယ်ဘယ်သူထင်မှာလဲ။ ကျဲနဲ့သူကရင်းနှီးကြတယ်မလား"

"အဲ့ဒါနဲ့ ပတ်ဆောင်းဟွန်းကိုမင်းသိနေတာ သိပ်ပြီးမဆက်စပ်သလိုပဲနော်"

"ဟက်...ကျဲ... ညီမကလူတစ်ယောက်အကြောင်းစိတ်ဝင်စားရင် အဲ့ဒီလူအကြောင်းအတွင်းကျကျစုံစမ်းတတ်တာ။ကျဲသိလား...အီသန်လီခုတလောမကြာခဏတွေ့နေတတ်တာ အဲ့ဒီကောင်လေးကိုတဲ့။ထူးဆန်းတယ်မထင်ဘူးလား။ သူ့လိုလူက ဒီလိုကောင်လေးကိုခဏခဏတွေ့နေတယ်ဆိုတာ"

"သူ့လိုလူ...? အီသန့်ကိုသူ့လိုလူလို့ပြောရလောက်အောင် မင်းကသူ့အကြောင်းဘယ်လောက်ထိသိထားလို့လား"

"ကျဲ...ညီမကဒီတိုင်းပြောတာပါ။ အကုန်လုံးလည်းသိကြတာပဲမလား။ အီသန်လီကမာနကြီးပြီး ကပ်ဖို့ခက်ခဲတဲ့လူဆိုတာ"

လီမိန်ထိုကလေးမရဲ့စကားတို့ကိုခနဲ့ပြုံးပြုံးကာ

"အီသန့်ကိုမင်းဝေဖန်ပိုင်ခွင့်မရှိဘူး davia။ မင်းမှမဟုတ်ဘူး ဘယ်သူမှသူ့ကိုနောက်ကွယ်မှာဝေဖန်ပိုင်ခွင့်မရှိဘူး။တို့တစ်ခုသတိပေးထားမယ်ကလေးမ...မင်းနဲ့မဆိုင်တဲ့ကိစ္စတွေကို သိပ်ဝင်မပါနဲ့။အီသန်သာ သူ့ရဲ့ private life ကလူတွေအထိမင်းစုံစမ်းထားတာသိရင် မင်းကိုနေရာမှာတင်တစ်စစီလုပ်မယ့်သူ။အကြောင်းအရာတွေအများကြီးသိထားတာ မင်းအတွက်ကောင်းကျိုးမရှိဘူး။မင်းသူ့ကိုအရောဝင်ချင်ရင် မင်းအကန့်နဲ့မင်းနေပြီး သူ့ရဲ့အာရုံစိုက်ခံရမှုကိုရအောင်လုပ်လေ။ သူ့အကြောင်းတွေ stalk ပြီးတော့မှ သူအာရုံစိုက်တာခံရမယ်ထင်နေရင် မင်းသိပ်မှားသွားမယ်။ တို့အလုပ်ရှိသေးလို့ ပြန်နှင့်ပြီ"

Under the red sky , Over the moonlightWhere stories live. Discover now