စိတ်ဟူသည်ကားခန့်မှန်းရခက်၏။စိတ်သည်လူတို့အတွက်ထိန်းချုပ်ရခက်သည့်အရာ။ စိတ်၏ပြင်းပြသောအလိုဆန္ဒသည် အောင်မြင်မှုကိုရစေသလို တစ်ခါတစ်ရံလွဲမှားသောလမ်းကြောင်းကိုတွန်းပို့နိုင်သည်။"ဒါဗီယာ့အကြောင်းကိုသေချာသိချင်တယ်။ ပြီးတော့ လတ်တလောသူ့ရဲ့လှုပ်ရှားမှုတွေရောပဲ"
"သခင်လေး တကယ်ပဲဒီကိစ္စကိုဝင်ပါဖို့ဆုံးဖြတ်လိုက်တာလား"
"မင်းဘယ်လိုထင်လဲ။ ဒီကိစ္စကိုငါဝင်ပါသင့်လား ဒါမှမဟုတ် လက်ရှောင်လိုက်ပြီး အချိန်အခါကောင်းကိုစောင့်သင့်လား"
"ကျွန်တော့်အထင်တော့ ဒီတစ်ခါကိစ္စကိုသခင်လေးဝင်ပါမိလို့မှ အခန့်မသင့်ရင် သခင်လေးအဖိုးကစိတ်ကွက်သွားမှာစိုးမိတယ်။အခုအခြေအနေအရ သခင်လေးအဖိုးကရွေးကောက်ပွဲကိုလည်းနိုင်ထားပြီး သူ့နေရာကိုဆက်ထိန်းထားနိုင်တော့ ကျွန်တော်သခင်လေးကိုစိုးရိမ်မိတာက..."
"အဖိုးကငါ့ကိုတစ်ခုခုလုပ်လိုက်မှာကိုလား"
အတွင်းရေးမှူး၏စကားမှာဆက်မလာချိန် ဟီဆွန်းလက်ကြားထဲမှ ဆေးလိပ်မီးကိုသတ်၍ ခုံမှထလိုက်သည်။ ထို့နောက် ရေကူးကန်ဘောင်၌ရပ်လိုက်ချိန် ကြည်လင်သောရေအရိပ်၌သူ့ပုံရိပ်ကထင်ဟပ်နေခဲ့၏။
ရေပြင်ထက်ကသူ့ပုံရိပ်နံဘေး လရောင်ကဖြာကျနေရာ လနဲ့သူ့ပုံရိပ်ကတစ်တန်းတည်း။
"မင်းစိုးရိမ်စရာမလိုဘူး...ငါကဥက္ကဌကြီးလိုအဖြစ်ခံမှာမဟုတ်လို့ ငါခိုင်းတဲ့အတိုင်းသာလုပ်ပါ။ ငါ့နေရာကအဖိုးနဲ့ရော ဥက္ကဌကြီးနဲ့ပါယှဉ်ရင် မပြောပလောက်သေးပေမယ့် ငါလုပ်ရမှာကိုငါကောင်းကောင်းသိတယ်။ တိုက်စစ်နဲ့ခံစစ်ပဲရှိတဲ့ပွဲမှာ ကိုယ့်ဖက်ကအခါကောင်းကိုစောင့်နေတာထက် တစ်ခါတစ်လေကိုယ့်ဖက်ကလက်ဦးမှုယူထားရတတ်တယ်"
"ကျွန်တော်နားလည်ပါပြီ"
"အင်း..ငါ့ကိုမနက်ဖြန်ကျရင်ကုမ္ပဏီရဲ့လချုပ်စာရင်းတွေယူလာပေးဖို့မမေ့နဲ့။ပြီးတော့ စစ်ဆေးရေးမှူးနဲ့ချိနိးထားတဲ့ကိစ္စကရော..."
YOU ARE READING
Under the red sky , Over the moonlight
Fanfiction"Stfu ! You belong to me!" Omegaverse x Heehoon ( Burmese )