"အာ့ နာတယ် ပါး""ငြိမ်ငြိမ်နေ ဂျွန်။လက်ကသွေးမတိတ်ဘဲနေမယ်"
ဆေးထည့်ပေးသည်ကိုငြိမ်ခံနေရသော်လည်း ဂျွန်နသန်မှာ သူ့လက်ကသွေးကို ငိုမဲ့မဲ့ဖြစ်ကြည့်နေတော့သည်။ဝါဂွမ်းစနဲ့တို့လိုက်တိုင်း ဆတ်ခနဲတုန်သွားသောကိုယ်လေးက အနာကိုကြိတ်ခံနေရသည့်ပုံ။
"နောက်ဆို နှင်းတွေကြားထဲတအားပြေးမဆော့နဲ့။ချော်လဲရင် နာနာဖြစ်သွားတယ်မလား"
"သားသိပါပြီ။ ပါး...ဟိုလေ...ဒယ်ဒီဘယ်တော့အိမ်ပြန်လာမှာလဲဟင်။ အခုတလော ဒယ်ဒီအိမ်ကိုပြန်မလာသလိုဘဲ"
ဂျွန်နသန့်စကားကြောင့် လိုဂန်ဆေးများထည့်သိမ်းနေရမှာ ကလေးငယ်ကိုလှည့်ကြည့်လိုက်ရာ ဂျွန်ကမျက်လုံးဝိုင်းဝိုင်းလေးများဖြင့် သူ့အားကြည့်နေခဲ့သည်။
"ဒယ်ဒီကခုတလောအလုပ်တွေရှုပ်နေလို့ အိမ်ပြန်နောက်ကျတာပါ။သူအလုပ်တွေအားရင် သားဆီကိုပြန်လာလိမ့်မယ်"
သူပြောတာကိုခေါင်းလေးညိတ်ပြသော်လည်း မျက်နှာမကောင်းသည့်ကလေးလေးကြောင့် ဂျွန်နသန့်အားပွေ့ချီလိုက်ပြီး
"ဂျွန်က ဒယ်ဒီ့ကိုလွမ်းနေတာလား"
"အင်း....ဒယ်ဒီနဲ့အတူအပြင်မသွားရတာကြာပြီ။ဒယ်ဒီ့ကိုမတွေ့ရတာလည်းကြာပြီ။ဒယ်ဒီ့ကိုဖက်မအိပ်ရတာလည်းကြာပြီ"
"ပါးကဒယ်ဒီ့ကိုဖုန်းဆက်ပြောလိုက်မှာမလို့ ခဏလေးပဲစောင့်ပေးနော်။ဒယ်ဒီလည်း ဂျွန့်ကိုလွမ်းနေမှာပါ"
"ပါးရော...ဒယ်ဒီ့ကိုလွမ်းလား"
လျှပ်တပြက်မေးလာသော သားဖြစ်သူ၏မေးခွန်းကြောင့် လိုဂန်ထိုမေးခွန်းကိုချက်ချင်းမဖြေနိုင်ခဲ့။
လွမ်းရဲ့လား...သူမသိပါ။တစ်ခါမှလည်းထိုအကြောင်းသူမစဉ်းစားမိဖူးပါ။
သို့သော် သူ၏တုန့်ဆိုင်းသွားသောအမူအရာကို သားလေးမရိပ်မိအောင်အမြန်ဖုံးကွယ်၍
"ဒါပေါ့။ပါးကလည်း ဂျွန့်ဒယ်ဒီကိုလွမ်းတာပေါ့ကွာ"
"ဟီး...ဒယ်ဒီကလည်း ပါးကိုလွမ်းနေမှာ။ဒယ်ဒီပြောဖူးတယ် ပါးကသူ့ဘေးနားမှာမရှိရင်သူအိပ်မပျော်ဘူးဆိုပြီး။ဒယ်ဒီလည်း အများကြီးအများကြီးလွမ်းနေမှာ"
YOU ARE READING
Under the red sky , Over the moonlight
Fanfiction"Stfu ! You belong to me!" Omegaverse x Heehoon ( Burmese )