အစဉ်အမြဲတိတ်ဆိတ်နေတတ်သော စံအိမ်တော်သည် ယနေ့မူကား အိမ်တော်ရှိအလုပ်သမားတို့ ပုံမှန်ထက် အတန်ငယ်ခြေရှုပ်နေကြသည်။"အီသန့်အဖို့ ဒီဟာကိုယူလာခဲ့လိုက်ပါ"
ပြောရင်းဖြင့် အနီရောင်ကတ္တီပါစခင်းထားသော ဗန်းပေါ်သို့တင်လိုက်သည့် လခြမ်းကွေးပုံစံရင်ထိုးတစ်ခု။
"ဒါက အစ်ကိုလေးသဘောကျလို့ဝယ်ထားတာမဟုတ်ဘူးလား"
အိမ်တော်ထိန်း၏မေးခွန်းကို အယ်ဇရာမှာ အီသန့်အခန်းသို့သွားရင်းဖြေလာသည်။
"အင်း..ဒါပေမယ့် အီသန်နဲ့ပိုလိုက်တယ်လို့ခံစားရတယ်။ ဒီနေ့ပွဲက အီသန်ပြောပုံအရဆို အထက်တန်းလွှာကလူတွေပဲလာလောက်မှာ။ ဘယ်သူကအရှိန်အဝါပိုကြီးလည်း ပြိုင်ဆိုင်နေကြမယ့်ထဲ လူတိုင်းရဲ့အထက်မှာရှိတဲ့ အီသန့်ပုံရိပ်နဲ့ အဲ့ဒီရင်ထိုးက အလိုက်ဖက်ဆုံးပဲ"
အိမ်တော်ထိန်းမှာခေါင်းတညိတ်ညိတ်ဖြင့် အယ်ဇရာ့အနောက်မှလိုက်လာခဲ့သည်။ အီသန့်အခန်းရှေ့ရောက်တော့ တံခါးခေါက်၍အချက်ပေးလိုက်ပြီး အခန်းတံခါးကိုဖွင့်လိုက်ချိန် အီသန်မှာ လက်ကြယ်သီးကိုတပ်နေရာမှ လှည့်ကြည့်လာခဲ့သည်။
"ကြည့်ကောင်းနေတာပဲ ကျွန်တော်တို့ သခင်လေးက"
"ကိုယ့်အစ်ကိုတစ်ယောက်လုံးရောက်နေတာတောင် အခုမှလာတွေ့တယ်။တစ်မနက်လုံးဘယ်ပျောက်နေတာလဲ အယ်ဇရာ"
စံအိမ်မှာမှ ပွဲတက်ဝတ်စုံနှင့် အဝတ်အစားကူလဲပေးသူများရှိ၍ အီသန်မှာမနေ့ညကတည်းကရောက်နေခြင်းပင်။ အီသန်ရောက်လာသည့်အချိန်၌ အယ်ဇရာမှာအိမ်တော်တွင်ရှိမနေခဲ့။
"မနေ့ညက သူငယ်ချင်းတွေနဲ့ညနက်သွားလို့ မနက်အိပ်ရာထနောက်ကျသွားတာ။ပြီးတော့ အီသန့်အတွက် အဲ့ဒါရွေးပေးနေလို့လေ"
အိမ်တော်ထိန်းလက်ထဲရှိ ဗန်းပေါ်မှရင်ထိုးလေးကိုညွှန်ပြ၍ပြောလာရာ ထိုအရာအားကြည့်၍ အီသန်မှာ ခပ်ဖွဖွပြုံးလာခဲ့သည်။
စိမ်းလဲ့နေသောကျောက်များမှာ လခြမ်းကွေးထက် စိန်ပွင့်များနှင့်အတူ ရောယှက်ထားရာ ထိုလခြမ်းသဏ္ဌာန်ရင်ထိုးငယ်မှာ နေရောင်အောက် ငြိမ်သက်စွာဖြင့် တလက်လက်တောက်နေ၏။
YOU ARE READING
Under the red sky , Over the moonlight
Fanfiction"Stfu ! You belong to me!" Omegaverse x Heehoon ( Burmese )