Part - 4

1.6K 195 41
                                    


Flashback

ဖရိုဖရဲဖြစ်နေသောအဝတ်အစားကို ကပိုကရိုပြင်ကာ ခြေဗလာဖြင့်သူ့ဘေးကပြေးသွားသောမိန်းကလေးတစ်ယောက်ကို ဆောင်းဟွန်းမှာဖုန်းပြောလက်စဖြင့် ဘေးကပ်ရှောင်ပေးလိုက်ရသည်။ထူးဆန်းသောပုံစံကြောင့်အနောက်ကိုတစ်ချက်လှည့်ကြည့်လိုက်ပေမယ့် ထိုမိန်းကလေးကထောင့်ချိုးတစ်နေရာ၌ ပျောက်ကွယ်သွားပြီပင်။

ဆောင်းဟွန်းခဏကြောင်သွားပေမယ့် ဖုန်းတစ်ဖက်မှာအသံကြောင့်အသိပြန်ကပ်ကာ

"သင်္ဘောကမနက်မှ စထွက်တဲ့ကမ်းကိုပြန်ကပ်မှာဆိုတော့ ဒီညပြန်မလာဖြစ်ဘူး"

ရှူးဖိနပ်သံမကြားစေဘဲ သင်္ဘောအတွင်းပိုင်းရှိအိပ်ခန်းများရှေ့မှဖြတ်လျှောက်လာသူမှ ဖုန်းတစ်ဖက်မှဆူညံနေတဲ့အသံတို့ကြောင့်မျက်မှောင်ကျုံ့လိုက်မိသည်။ဆဲရေးသံတစ်ခုနောက် ထိုလူကိုလှမ်းဟောက်လိုက်တဲ့မိန်းကလေးမှာ အနောက်ကလူငြိမ်သွားမှ ဆောင်းဟွန်းဆီပြန်အာရုံစိုက်ပြီး

"ဒါဆိုဒီညတော့ငါလွှတ်လပ်တဲ့ညပေါ့"

"ဘယ်သူပြောလဲ။ည၁၂နာရီမထိုးခင်အဆောင်ပြန်ရမယ်..နင်အဆောင်ရောက်မရောက်ကိုငါအဆောင်မှူးဆီဖုန်းဆက်​မေးမှာ"

"ဟာ ဆောင်းဟွန်းရာ။နင်ကငါ့အဖေလား..သေသွားတဲ့ငါ့အဖေတောင်နင့်လောက်စည်းကမ်းမတင်းကြပ်ဘူး"

"ငါသာနင့်အဖေဆိုအခုချိန်နင်အဲ့ဒီနေရာရောက်နေမှာတောင်မဟုတ်ဘူး။ဆင်ခြေတွေမလိုချင်ဘူး နင်၁၂မထိုးခင်ပြန်ကိုပြန်ရမယ် ကြားလား"

"......"

"ကြားလားလို့ငါမေးနေတယ်လေ"

"ကျစ် သိပြီသိပြီ။ပြန်ရောက်ရင်ဖုန်းဆက်််််မယ် ဒါပဲ!"

တတီတီမြည်ကာလိုင်းချသွားတဲ့သူကြောင့်ဆောင်းဟွန်းခေါင်းခါလိုက်မိသည်။ထိုကောင်မလေးကိုပြောရဆိုရလွန်းလို့လည်း သူအသက်ထွက်သွားနိုင်သည်။

သင်္ဘောတွင်ပေးထားသောကိုယ်အခန်းကိုယ်အပြန် ဆောင်းဟွန်းတို့အတွက်အခန်းကသူများတွေနဲ့မတူဘဲ ပိုအဆင့်မြင့်ကာ သီးသန့်ဆန်သည်။လူသုံးယောက်စာ အသာလေးလျှောက်နိုင်သော လျှောက်လမ်းမှာအနီရောင်ကော်ဇောများခင်းထားသလို နံရံထက်ရှိ နီညိုရောင်မီးအိမ်လုံးများမှာ classic ဆန်ဆန်။ဘယ်ဖက်ရှိအိပ်ခန်းများအဝင်ဝ၌ လူတစ်ရပ်စာအလှပန်းအိုးများမှာလည်း စီရီလျက်။

Under the red sky , Over the moonlightWhere stories live. Discover now