"ဒါဆို အီသန်ပြန်လာမှပဲ ဒိတ်ကြတာပေါ့။ အလုပ်ကိစ္စကပိုအရေးကြီးတာဆိုတော့""ကိုယ်မသွားမဖြစ်တဲ့ကိစ္စမလို့ ဆောင်းဟွန်းကပဲနားလည်ပေးပါဦး"
ဆောင်းဟွန်းမှာ အီသန့်ကိုလှည့်မကြည့်ဘဲ လက်ထဲမှာဓားကိုသာဂရုစိုက်ကိုင်ရင်း ခေါင်းညိတ်ပြလိုက်သည်။ ဘေးတွင်ရှိသော အီသန်မှာ ဆောင်းဟွန်း၏လက်လှုပ်ရှားမှုကို ဂရုတစိုက် ကြည့်နေရာမှ
"ဒါနဲ့ ရုတ်တရက်ကြီး ဟင်းချက်သင်ချင်လာတာ ဘာလို့လဲ။ကိုယ်ချက်ပေးတာစားမကောင်းလို့လား"
အီသန့်အမေးကိုဆောင်းဟွန်းခေါင်းခါပြလျက်
"ဒီတိုင်း အိမ်မှုကိစ္စနဲ့ပတ်သက်တာတစ်ခုခုတတ်ထားချင်လို့"
"ဆောင်းဟွန်းက ကိုယ့်အိမ်ရှင်ထီးလေးလုပ်တော့မလို့ကြိုလေ့ကျင့်နေတာလား"
အီသန့်၏ကျီစယ်စကားကို ဆောင်းဟွန်းမှာနှုတ်ခမ်းကိုတွန့်ရုံမျှပြုံးကာ လက်ထဲကိုဓားဖြင့် မုန်လာဥကို အသံကျယ်ကျယ်ခုတ်လိုက်ကာ
"လက်ထဲမှာကိုင်ထားတာ ပန်းမဟုတ်ဘူး ဓားနော် ဓား။ စကားကိုကြည့်ပြော။မုန်လာဥနီလိုဖြစ်သွားမယ်"
စင်းနီပြားပေါ်ရှိ ခပ်သေးသေးလေးထောက်ပုံစံနုတ်နုတ်စင်းခံထားရုံမဟုတ်ဘဲ အသားကြိတ်စက်ထဲပစ်ထည့်ထားသလိုဖြစ်နေသော မုန်လာဥအပိုင်းအစများကိုကြည့်ကာ အီသန် ဆက်မစရဲတော့။
ပြောလို့ပြောတာမဟုတ်ဘူး ဆောင်းဟွန်းလက်ဆကို ပထမဆုံးစတွေ့ကတည်းက သူကောင်းကောင်းသိပြီးပြီ။သူလုပ်ရင် ပြန်လုပ်ပေါ့ ဆိုရအောင်လည်း လုပ်မယ့်သူက သူ့ကောင်လေးလေ။ ပြန်လုပ်လိုက်ရင် အရင်ကွဲမှာက သူ။
မိအေးနှစ်ခါနာမယ့်အဖြစ်တော့ ဝေးဝေးရှောင်သည်။
"ကိုယ်တကယ်အံ့ဩလို့ပါ။မင်းရဲ့လက်လှလှလေးတွေက တစ်ခါမှကိုင်ဖူးမယ့်ပုံတောင်မပေါ်တဲ့ ဓားကိုကိုင်နေတာဆိုတော့..."
အီသန်အံ့ဩချင်စရာကောင်းလောက်အောင် သူကလည်းကျောင်းမှပြန်လာကတည်းက အိမ်မပြန်ဘဲ အီသန့်အိမ်သို့ရောက်လာခဲ့ခြင်းပင်။
YOU ARE READING
Under the red sky , Over the moonlight
Fanfiction"Stfu ! You belong to me!" Omegaverse x Heehoon ( Burmese )