"ဝေး...ဥက္ကဌ ခဏစောင့်ဦး"အနောက်မှ ကျယ်လောင်သောအော်သံနဲ့အတူ တဖတ်ဖတ်မြည်ကာ ပြေးလာသောခြေသံကို ဆောင်းဟွန်းရပ်မစောင့်ဘဲ ခြေလှမ်းများကို မဆိုစလောက်နှေးလိုက်သည်။
နီးကပ်လာသောခြေသံနောက် ပခုံးကိုသိုင်းဖက်လာသောလက်တစ်စုံမှာ လေးလံလှ၍ ဆောင်းဟွန်းမျက်မှောင်ကြုံ့လိုက်သည်။ပခုံးပေါ်ကလက်ကိုတော့ တွန်းဖယ်ခြင်းမပြု
"ဥက္ကဠ မင်းလမ်းလျှောက်တာ နည်းနည်းလောက်နှေးလို့မရဘူးလား။ ငါမီးပွိုင့်ကနေကြည့်တော့ မင်းကားပေါ်ကဆင်းယုံရှိသေးတယ် ငါ့ကားပါကင်လည်းထိုးပြီးရော မင်းကမိန်းအဆောင်ရှေ့တောင်ရောက်တော့မယ်။ မင်းနောက်ဘယ်သူလိုက်နေလို့ အဲ့လောက်မြန်မြန်လျှောက်နေရတာလဲ"
"ငှက်ကုလားအုတ်တွေက ဘာလို့အပြေးမြန်လဲ"
"ဟမ်...ငှက်ကုလားအုတ်က ဘာကောင်လဲ"
မေးတာမဖြေတာမဟုတ်ဘဲ မေးတာကိုသိကိုမသိတဲ့လူကြောင့် ဆောင်းဟွန်းလက်ထဲမှ ဖိုင်ဖြင့် ဇိန်း(Zane) ခေါင်းကိုရိုက်ထည့်လိုက်ပြီး
"မင်းအဖေ အာဖရိကသွားရင် မင်းလိုက်လိုက်သွားပြီ ငှက်ကုလားအုတ်တောင်မသိဘူးလား"
ဇိန်းကနှာရှုံ့ကာ တစ်ခေါင်းလုံးအဖြူဆိုးထားသောခါးအထိကျော်တဲ့ ဆံပင်ရှည်များကို ဘယ်ညာယိမ်းလျက်
"အာဖရိကသွားရင် ဟိုတယ်မှာနေတယ်။မြို့ထဲပတ်တယ် ဒါပဲလုပ်လာတာ။ရာသီဥတု ပူကပူနဲ့ အားအားယားယားငါ့အဖေနောက်လျှောက်လိုက်နေတာမဟုတ်ဘူး"
ဆောင်းဟွန်း ပြောမနိုင်ဆိုမနိုင် ထိုသကောင့်သားအားဆက်မပြောတော့ဘဲ ပြောလက်စအားဆက်လိုက်သည်။
"ငှက်ကုလားအုတ်တွေရဲ့ခြေတံက ၄ပေနီးပါးရှည်လို့ သူတို့ပြေးတဲ့နှုန်းက တစ်နာရီကို ၄၅မိုင်နှုန်းရှိတယ်။ မင်းစဉ်းစားကြည့်...သူတို့အဲ့လိုအပြေးမြန်တာဘာကြောင့်လဲ"
"မင့်မေကြီးတော်...၄ပေရှည်တဲ့ခြေထောက်ကြောင့်ပေါ့။အဲ့ဒါက ငါမေးတာနဲ့ဘာဆိုလို့လဲ"
ဆောင်းဟွန်း တဖြည်းဖြည်းစာသင်အခန်းရှေ့ရောက်လာတော့ ဘေးမှပါလာသောဇိန်းကို အခန်းတံခါးလက်ကိုင်ကိုကိုင်လျက် ခေါင်းစောင်းကြည့်ပြီး
YOU ARE READING
Under the red sky , Over the moonlight
Fanfiction"Stfu ! You belong to me!" Omegaverse x Heehoon ( Burmese )