ခွဲခွါရမည့်အချိန်များနီးလေ ထိုလူသားအပေါ်ဖြစ်တည်လာသည့် ဆယ်စုနှစ်တစ်စုစာမေတ္တာတရားတို့သည်လည်း နှလုံးသားဗဟိုချက်၌ အစိုင်အခဲတစ်ခုလိုမျိုးစုဝေးလာသည်။ထိုအစိုင်အခဲသည် ဖြိုဖျက်ဖို့မလွယ်ကူသည့်အရာ၊ ပျက်စီးဖို့မဖြစ်နိုင်သည့်အရာ။ ချစ်မိကတည်းက သူ့ရဲ့နှလုံးသားနှောင်ကြိုးကား အကြင်သူထံအပ်နှင်းပြီးသားပင်ဖြစ်သည်။
နီးစပ်ဖို့ကံမပါခဲ့ရင်တောင်မှ ဤနှောင်ကြိုးကား နှလုံးသားချင်းဖြတ်ရင်တောင် မပြတ်နိုင်တော့။
ဆောင်းဦးစနေ့တစ်နေ့မှာ ကိုယ့်နှလုံးသားထဲ မင်းရောက်လာခဲ့တယ်။ ဆောင်းကုန်လို့ နွေဦးစချိန်မှာပဲ ကိုယ့်နှလုံးသားကမင်းအတွက်မဟုတ်မှန်းသိခဲ့ရတယ်။
မင်းချစ်တဲ့သူရဲ့လက်ကိုဆွဲပြီး ပျော်နေခဲ့တဲ့မင်းကို ရပ်ကြည့်ရင်း ကိုယ်တွေးမိခဲ့တဲ့စကားလုံးက 'ဆောင်းညဆည်းဆာ'တဲ့။
မင်းကလှပလွန်းတယ်၊လွမ်းဆွေးဖွယ်ရာလည်းကောင်းလွန်းတယ်၊ တစ်ခါတစ်လေတော့လည်း အေးစက်ပြီး တစ်ခါတစ်လေကျတော့ နွေးထွေးနေပြန်တယ်....
မင်းကလေ တကယ့်ကို ဆောင်းညဆည်းဆာချိန်လေးနဲ့သိပ်တူတာပဲ ဆောင်းဟွန်း။
-
-
-မှန်ထက်တွင်ပုံရိပ်ထင်နေသော ချစ်ရသူအားကြည့်ရင်း ဆောင်းဟွန်း၏ခပ်လျော့လျော့ဖြစ်နေသော အင်္ကျီရင်ဘတ်ကိုမြင်ချိန် အီသန်မှာ နက်ကတိုင်ကိုပြင်နေရာမှ ထိုသူရှိရာသို့လျှောက်လာလိုက်သည်။ထို့နောက် ဆောင်းဟွန်းအား အနောက်မှ မမှိတ်မသုန်ရပ်ကြည့်ကာ
"အဲ့ဒီညှပ်ရိုးနဲ့ရင်ဘတ်ကိုဖော်ပြီးဝတ်ရတဲ့ပုံစံ ဘယ်ဒီဇိုင်နာထွင်လိုက်တာလဲ"
ရုတ်တရက် ဆိုလာသောအီသန့်စကားကြောင့် ဆောင်းဟွန်းမှာ မှန်မှတစ်ဆင့်အနောက်ရှိလူကိုကြည့်လိုက်သည်။
အီသန့်၏တည်သောမျက်နှာမှာ ပုံမှန်ဟုထင်ရသော်ငြား အနည်းငယ်တွန့်ချိုးနေသောမျက်ခုံးတို့ကြောင့် ဆောင်းဟွန်းသက်ပြင်းချလိုက်မိ၏။
YOU ARE READING
Under the red sky , Over the moonlight
Fanfiction"Stfu ! You belong to me!" Omegaverse x Heehoon ( Burmese )